အနုပညာလမ်းကြောင်းမှာ ထွန်းလင်းတောက်ပနေတဲ့ ကြယ်ပွင့်လေးတစ်ပွင့်ကတော့ သရုပ်ဆောင် မင်းသမီးချောလေး အိချောပိုပဲ ဖြစ်ပါတယ်။ သူမဟာ အမြဲလိုလို ကလေးတစ်ယောက်လို ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့် ပရိသတ်တွေက ချစ်မ၀ ဖြစ်နေရတာပါ။ စူစူရဲ့ သရုပ်ဆောင်တာလေးတွေဟာလည်း တစ်ကားထက်တစ်ကား ပိုမိုပီပြင်ကောင်းမွန်လာတာကြောင့် ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးနေရတာပါ။  

စူစူပါဝင်သရုပ်ဆောင်ထားတဲ့ " Players " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း မကြာခင်မှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။ သူမဟာ ရှုတင် အားလပ်ချိန်များတွင်လည်း Tik Tok လေးတွေ ကစားလေ့ရှိသူတစ်ယောက်ပါ။ စူစူရဲ့ Tik Tok လေးတွေဟာလည်း ပရိသတ်တွေ ကြိုက်နှစ်သက်ကြပြီး တစ်ခဲနက်အားပေးနေကြတာပါ။ စူစူတစ်ယောက် လတ်တလောမှာလည်း ပြင်ဦးလွင်တွင် ရုပ်ရှင်ဇာတ်ကားကြီးတစ်ကား ရိုက်ကူးနေတာပါ။

အခုတစ်ခါမှာလည်း သူမရဲ့ ချစ်စရာကောင်းတဲ့ Tik Tok ဗီဒီယိုလေးတွေကို ဝေမျှပေးလိုက် ပြန်ပါပြီနော်။ ဒါကတော့ လတ်တလော ခေတ်စားနေတဲ့ သီချင်းလေးတွေနဲ့ တရုတ်သီချင်းတီးလုံးလေးတွေကို နောက်ခံထားကာ ချစ်ရတဲ့ သူမရဲ့ မိတ်ကပ်ပညာရှင်များနဲ့အတူ Tik Tok ဗီဒီယိုလေးတွေ ဆော့ကစားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ချစ်စရာကောင်းတဲ့ စူစူရဲ့ Tik Tok ဗီဒီယိုလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source - Ei Chaw Po's Tik Tok Account

Photo Credit - Ei Chaw Po's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။