ချစ်စရာကောင်းတဲ့ သမီးလေးတွေနဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားနိုင်သူကတော့ ဝါရင့်သရုပ်ဆောင် မင်းသမီးလေး နန္ဒာလှိုင်ပဲ ဖြစ်ပါတယ်။ သူမဟာ ဆယ်စုနှစ်တွေကျော်အောင် အနုပညာလောကမှာ အောင်မြင်မှုတွေ ရရှိခဲ့တာပဲဖြစ်ပြီး ယနေ့ချိန်မှာတော့ အနုပညာအလုပ်တွေ မလုပ်တော့ပင်မယ့်လည်း ပရိသတ်တွေကတော့ အားပေးချစ်ခင်နေကြဆဲပါ။  

Photo Credit - Nandar Hlaing's Facebook Account
Photo Credit - Nandar Hlaing's Facebook Account
Photo Credit - Nandar Hlaing's Facebook Account

သူမဟာ ကလေးသုံးယောက် မိခင်လို့ ထင်မှတ်စရာ မရှိလောက်အောင်ကို နုပျိုလှပနေဆဲပါ။ ဒါကြောင့်လည်း သူမရဲ့ နုပျိုမှုတွေကို မိန်းကလေးချင်းတောင် အားကျနေရတာပါ။ နန္ဒာဟာ အားလပ်ချိန်များကိုလည်း မိသားစုနဲ့ မောင်နှမတွေကို အချိန်ပေးဖြစ်တာလည်း ဖြစ်ပါတယ်။ အခုတစ်ခါမှာလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ပုံလေးတစ်ပုံ တင်ထားတာပါ။  

Photo Credit - Nandar Hlaing's Facebook Account
Photo Credit - Nandar Hlaing's Facebook Account
Photo Credit - Nandar Hlaing's Facebook Account

ဒါကတော့ တရုတ်နှစ်သစ်ကူးအတွက် ချစ်ရတဲ့ မောင်နှမတွေနဲ့အတူ ပြင်ဆင်နေကြတပဲ ဖြစ်ပါတယ်။ သူမရဲ့ ပုံရိပ်လေးရဲ့အောက်မှာလည်း ငုတ်တုတ်ကြီး အိပ်နေတာလား သူငယ်ချင်း ဆိုပြီး သူငယ်ချင်းဖြစ်သူ ခန့်စည်သူက စနောက်ထားပါသေးတယ်။ ပရိသတ်တွေအတွက် ဒီပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source and Photo Credit - Nandar Hlaing's and Sein Phyo Hlaing's Facebook Account

Photo Credit - Nandar Hlaing's Facebook Account
Photo Credit - Nandar Hlaing's Facebook Account
Photo Credit - Sein Phyo Hlaing's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။