နေခြည်ဦးဟာ Beauty Blogger လောကမှတစ်ဆင့် အနုပညာလောကထဲကို ဝင်ရောက်လာသူတစ်ယောက်ပါ။ သူမရဲ့ သရုပ်ဆောင် ပီပြင်မှုတွေကြောင့်လည်း အချိန်တိုအတွင်းမှာ အောင်မြင်မှုတွေ ဆက်တိုက် ရရှိထားသူပါ။ အမြဲတမ်းလိုလို ကလေးဆန်ဆန်ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့်လည်း ပရိသတ်တွေက ချစ်ပြီးရင်း ချစ်နေရတာပါ။

Photo Credit- Naychiooofficial’s Instagram Stories
Photo Credit- Naychiooofficial’s Instagram Stories
Photo Credit- Naychiooofficial’s Instagram Stories

ဒီနေ့ကတော့ ချီချီရဲ့ အသက် (၂၈) နှစ်ပြည့် မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ချီဟာ သူမရဲ့ မွေးနေ့အကြိုအဖြစ် မနေ့က မွန်ပြည်နယ် ဘီးလင်းမြို့နယ်က စာသင်ကျောင်းတစ်ခုတွင် ကလေးတွေကို ဦးထုပ်နဲ့ ထီးတွေ လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော လှူဒါန်းမှုတွေကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။

Photo Credit- Naychiooofficial’s Instagram Stories
Photo Credit- Naychiooofficial’s Instagram Stories
Photo Credit- Naychiooofficial’s Instagram Stories

ချီချီကတော့ သူမရဲ့ Instagram Stories လေးမှာ ဗီဒီယိုလေးတွေ တင်ထားတာပါ။ ဒါကတော့ မွေးနေ့လက်ဆောင်အဖြစ် ချစ်မေမေက ကျားသစ်ပေါက်စလေး သုံးကောင် ပေးခဲ့တာပါ။ ချီချီကတော့ " သူများအမေတွေက ခြံတွေ အိမ်တွေပေးတယ် ငါ့အမေက ကျားသစ်သုံးကောင်ပေးတယ် " ဆိုပြီးလည်း ချစ်စနိုးနဲ့ စနောက်ထားပါသေးတယ်။ ပရိသတ်တွေအတွက် ချီချီရဲ့ Video လေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source and Photo Credit- Naychiooofficial’s Instagram Stories 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။