ပရိသတ်တွေချစ်ခင်အားပေးမှုတွေရရှိထားတဲ့ ပက်ထရစ်ရှာကတော့ သူမရဲ့သရုပ်ဆောင်ပီပြင်မှုကြောင့် အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေနဲ့ နေရာလေးတစ်နေရာရရှိထားတာလည်း ဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတော်တော်များများနဲ့ ရုပ်ရှင်ကားကြီးတွေမှာ ခေါင်းဆောင်မင်းသမီးနေရာက သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့အပြုအမူလေးတွေကြောင့်လည်း ပရိသတ်တွေကပိုပြီးအချစ်ပိုနေရတာပါ။ သူမရဲ့ခန္ဓာကိုယ်အလှတွေကတော့ပရိသတ်တွေသာမကအနုပညာရှင်တွေပါအားကျနေတာလည်း ဖြစ်ပါတယ်။
ရှာရှာဟာ ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့သူဖြစ်ပြီး လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးများစွာလည်း ရိုက်ကူးနေရသူပါ။ သူမရဲ့ သရုပ်ဆောင်ပီပြင်မှုကြောင့်လည်း ပရိသတ်တွေရဲ့ အားပေးမှုတွေ တစ်ခဲနက်ရရှိထားသူပါ။ ရှာရှာဟာ ပွဲအခမ်းအနားများတက်ရောက်နေရရုံသာမကပဲ ကြော်ငြာများလည်း ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နာရီပိုင်းကလည်း သူမရဲ့ Instagram လူမှုကွန်ယက်တွင်အမိုက်စားပုံရိပ်လေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ သူမရဲ့ကျစ်လစ်သွယ်လျပြီးဆွဲဆောင်မှုအလှတရားတွေထင်ရှားစွာမြင်တွေ့ရမယ့် ပက်ထရစ်ရှာရဲ့ အမိုက်စားပုံရိပ်လေးတွေပဲဖြစ်ပြီး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
Source and Photo Credit- Sue Sha Naing’s Instagram
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။