အစားတလိုင်း ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ အရင်အပါတ်တွေနဲ့ မတူဘဲ ထူးထူးခြားခြားလေး ဖြစ်သွားအောင် အားလည်းရှိ ခံတွင်းလည်းတွေ့စေမယ့် အမဲသားလုံးကင်ပွန်းချဉ်ဟင်းပွဲ ချက်ပြုတ်နည်းလေးကို "Cooking for You" အစီအစဉ်ကနေ ဗီဒီယိုဖိုင်လေးနဲ့တကွ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ချက်ပြုတ်ပြသပေးသွားမယ့် သူလေးကတော့ MLTV ရဲ့ ပင်တိုင်စားဖိုမှူးလေး မနီလာအောင်ဝင်းပဲ ဖြစ်ပါတယ်။ "MasterChef Myanmar Season (1)" ရဲ့ Top 3 ပြိုင်ပွဲဝင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

Photo by Myanmarload TV
Photo by Myanmarload TV

ကဲ admin နဲ့အတူ စားချင်စဖွယ် အမဲသားလုံးကင်ပွန်းချဉ် ဟင်းလျာလေးကို ချက်လိုက်ကြရအောင်နော်....။ အရင်ဆုံး ပါဝင်ပစ္စည်းလေးတွေကို ပြောပြပေးသွားပါ့မယ်။ ဟင်းခတ်မွှေးကြိုင် အရွက်စုံ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုပ်သီး၊ အမဲသား စတာတို့နဲ့ အဓိကချက်ပြုတ်ရမှာ ဖြစ်ပါတယ်။ ပထမဦးဆုံး ကြက်သွန်ဖြူ နဲ့ ဂျင်းကို ထောင်းပါ။ ပြီးရင် ချက်မယ့် အမဲသားထဲကို အရည်ညှစ်ထည့်ရမှာ ဖြစ်ပါတယ်။ ဆား၊ ပဲငံပြာရည်၊ ငရုပ်ကောင်း၊ ကြက်သားမှုန့် အနည်းငယ်ကို အမဲသားထဲထည့်ပြီး နှံ့အောင် နယ်ရမှာ ဖြစ်ပါတယ်။

Photo by Myanmarload TV
Photo by Myanmarload TV

နောက်တစ်ဆင့်အနေနဲ့ နံနံပင်၊ ရှမ်းနံနံ၊ ပင်စိမ်းရွက်၊ ဖတ်ဖယ်ရွက်တို့ကို လှီးပါ။ လှီးထားသော အရွက်များကို ငရုပ်ဆုံထဲ ထည့်ပြီး ထောင်းရမှာ ဖြစ်ပါတယ်။ စောနက ချက်မယ့် အမဲသားပန်းကန်ထဲကို ကြက်ဥရယ် ကော်မှုန့်ရယ် ထောင်းထားတဲ့ အရွက်အစုံကို ထည့်ပြီး နှံ့နေအောင် ထပ်မံ နယ်ရမှာ ဖြစ်ပါတယ်။ နယ်ပြီးတာနဲ့ အမဲသားကို အလုံးလုံးလေးတွေလုပ်ပြီး အပူချိန်ပြင်းပြင်းနဲ့ ကျတ်နေအောင် ချက်ရတော့မှာ ဖြစ်ပါတယ်။ ဟင်းပွဲရဲ့ သုံးပုံတစ်ပုံကို ပြောပြပြီးသွားတာကြောင့် ကျန်ရှိတဲ့အပိုင်းလေးကိုတော့ ဗီဒီယိုဖိုင်လေးမှာ ဆက်လက်အားပေး ကြည့်ရှုသွားကြပါနော်။

Photo by Myanmarload TV

Photo by Myanmarload TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။