အနုပညာလောကမှာ ဆယ်စုနှစ်များစွာတိုင်ရပ်တည်အောင်မြင်နေပြီး စွယ်စုံရမင်းသားတစ်ယောက်ဖြစ်တဲ့ အကယ်ဒမီများရှင်မင်းသားချောနေတိုးကိုတော့လူတိုင်းသိကြမယ်ထင်ပါတယ်နော်။သူဟာ ဗီဒီရိုဇာတ်ကားများ ရုပ်ရှင်ကားများဖြင့်အနုပညာလောကထဲစတင်၀င်ရောက်လာပြီး ယခုဆိုရင်ဒိတ်ဒိတ်ကြဲမင်းသားတစ်ယောက်ဖြစ်နေပါပြီနော်။နေတိုးဟာ အနုပညာလုပ်ငန်းများကိုအဆက်မပြတ်လုပ်ဆောင်နေပြီး ပရိတ်သတ်တွေအတွက်အကောင်းဆုံးကြိုးစားနေတာဖြစ်ပါတယ်။

Photo Credit-Nay Toe's Facebook page
Photo Credit-Nay Toe's Facebook page

မကြာသေးမီက နေတိုးဟာသူ့ရဲ့facebookစာမျက်နှာတွင် လူကြီးနဲ့ဂျိတ်ကိုတွေ့ဆုံခဲ့ကြသူများဆိုတဲ့ captionလေးနဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။နေတိုးဟာ မြက်နုအဖွဲ့သားများနဲ့အတူပရိတ်သတ်တွေကိုအမှတ်တရလက်မှတ်ရေးထိုးပေးနေတာဖြစ်ပါတယ်။သူချစ်တဲ့ပရိတ်သတ်ကြီးနဲ့တွေ့ဆုံရတဲ့အတွက် နေတိုးတစ်ယောက်အရမ်းကိုပျော်နေတာပါနော်။

Photo Credit-Nay Toe's Facebook page
Photo Credit-Nay Toe's Facebook page

နေတိုးနဲ့၀တ်မှုန်ရွှေရည်တို့ပါ၀င်သရုပ်ဆောင်ထားတဲ့မြက်နုဆိုတဲ့ရုပ်ရှင်ကားကြီးဟာလည်းယခုအချိန်တွင်ရုံတင်ပြသနေပြီပဲဖြစ်ပါတယ်။ပရိတ်သတ်ကြီးရောဒီဇာတ်ကားကြီးကိုသွားရောက်အားပေးကြမယ်မလား။ပရိတ်သတ်တွေနဲ့ပျော်ရွှင်ကြည်နူးစွာတွေ့ဆုံနေတဲ့နေတိုးရဲ့ပုံရိပ်တွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Nay Toe's Facebook page
Photo Credit-Nay Toe's Facebook page

Source-Nay Toe's Facebook page

Photo Credit-Nay Toe's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။