မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ အဆိုတော်အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ နာမည်ရအောင်မြင်လာခဲ့တာက အချိန်အတော်ကြာရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့အခိုင်အမာ အားပေးမှုကိုရရှိထားတဲ့ နန်းဆုက ဇာတ်ကားတွေများစွာ ရိုက်ကူးခဲ့သလို တေးသီချင်းတွေလည်း ထွက်ရှိအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နန်းဆုအနေနဲ့ သီချင်းကောင်းကောင်းလေးတွေ ဖန်တီးရင်း ဂီတလမ်းကြောင်းပေါ်မှာ တစိုက်မတ်မတ် လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။

Photo Credit- A Linn Young
Photo Credit- A Linn Young
Photo Credit- A Linn Young

ဖြူဖွေးဝင်းဥတဲ့အသားအရေလေးနဲ့ ဘိုမရုပ်လေးပမာ ချစ်စရာကောင်းတဲ့ နန်းဆုက အခုချိန်အထိ ဆယ်ကျော်သက်လေးလို နုဖတ်လှပနေဆဲ ဖြစ်ပါတယ်။ တစ်နေ့တစ်ခြားပိုလှလာတဲ့ နန်းဆုရတီစိုးက အခုရက်ပိုင်းမှာတော့ ကြော်ငြာလေးတွေရိုက်ကူးရင်း ပွဲအခမ်းအနားတွေပါ တက်ရောက်နေတာ ဖြစ်ပါတယ်။ အခုလည်း နန်းဆုရတီစိုးက ''Tiger Sugar Bubble Tea'' ရဲ့ဆိုင်ဖွင့်ပွဲလေးကို တရုတ်မလေးအသွင်နဲ့ တက်ရောက်လာခဲ့ပါတယ်။

Photo Credit- A Linn Young
Photo Credit- A Linn Young
Photo Credit- A Linn Young
Photo Credit- A Linn Young

နန်းဆုက ''Happy Chinese New Year တရုတ်မလေးကိုချစ်လား Tiger Sugar Bubble Tea opening ceremony in Myanmar မြန်မာပြည်ရောက်လာတဲ့ Tiger Sugar ဖွင့်ပွဲမှာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်'' ဆိုပြီး ပွဲတက်ပုံလေးတွေကို မျှဝေလာခဲ့တာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့နန်းဆုရဲ့ပုံရိပ်လေးတွေကတော့ ပရိသတ်တွေကို အချစ်ပိုစေလောက်ပါတယ်နော်။ ကဲ ချစ်ပရိသတ်တွေအတွက် တရုတ်မလေးအဖြစ် လှပတင့်တယ်နေတဲ့ နန်းဆုရတီစိုးရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source:Nan Su Yati Soe FB Page

Photo Credit- A Linn Young

Photo Credit- A Linn Young
Photo Credit- A Linn Young
Photo Credit- A Linn Young
Photo Credit- A Linn Young

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။