ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ထူးခြားအံ့သြဖွယ်ကောင်းသောတံတားကြီး သုံးစင်း အကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှု၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sportst အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို အချိန်နဲ့တပြေးညီ တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့တော့ မမေ့ပါနဲ့ဦးနော်။

Henderson Waves
Photo credit Once A Glance Page

ထို တံတားကြီး သုံးစင်းကတော့ "Henderson Waves"၊ "Doha Sharq Crossing Bridge"၊ The Rolling Bridge" အစရှိတာတွေပဲ ဖြစ်ပါတယ်။ "Henderson Waves" တံတားကြီးကတော့ စင်ကာပူနိုင်ငံ henderson လမ်းမပေါ်ရှိ ၁၁၈ အမြင့်မှာ တည်ရှိပါတယ်။ "Mount Faber" ပန်းခြံနဲ့ "Telok Blangah Hill" ပန်းခြံကို ဆက်သွယ်ပေးတဲ့ ရေလှိုင်းပုံ တံတားပဲ ဖြစ်ပါတယ်။

Doha Sharq Crossing Bridge
Photo credit Once A Glance Page
Doha Sharq Crossing Bridge
Photo credit Once A Glance Page

နောက်ထပ် တင်ဆက်ပေးမယ့် တံတားကြီးကတော့ ကာတာနိုင်ငံမှာရှိတဲ့ "Doha Sharq Crossing" bridge ကြီးပဲ ဖြစ်ပါတယ်။ ၂၀၁၅ မှာ ဆောက်လုပ်ခဲ့တဲ့ အဲ့တံတားကြီးဟာ ရေအောက်လှိုင်းခေါင်းများဖြင့် တံတားသုံးခုကို ဆက်သွယ်ထားတာ ဖြစ်ပါတယ်။ ထိုတံတားကြီးရဲ့ တန်ဖိုးဟာ ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျခဲ့ပြီး ပြည်သူတွေရဲ့ လမ်းပန်းဆက်သွယ်ရေးနှင့် အပန်းဖြေဖို့အတွက် ဆောက်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ လန်ဒန် Paddington Basin မှာရှိတဲ့ "The Rolling Bridge" တံတားကြီးဟာ" စက်ဝိုင်းပုံ ခွေခေါက်ပြီး သိမ်းစည်းနိုင်တာ ဖြစ်ပါတယ်။ တြိဂံပုံ ဖရိန် ၈ခု ပါတဲ့ ထိုတံတားကြီးတွင် လျှောက်လမ်းများနှင့် လက်ရမ်းများပါဝင်တယ်လို့ သိရပါတယ်။

Source Once A Glance Page

Photo credit Once A Glance Page 

The Rolling Bridge UK
Photo credit Once A Glance Page
The Rolling Bridge UK
Photo credit Once A Glance Page

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။