ကိုရီးယားမင်းသားလေးလိုချောမောလှပတဲ့ရုပ်ရည်နဲ့တောင့်တင်းတဲ့ခန္ဓာကိုယ်အချိုးအစားမိုက်မိုက်လေးကိုပိုင်ဆိုင်ထားသူကတော့ မော်ဒယ်မင်းသားလေးလင်းအောင်ခတ်ပါ။သူဟာ မော်ဒယ်တစ်ယောက်အနေနဲ့အနုပညာလောကထဲစတင်၀င်ရောက်လာပြီးယခုဆိုရင်ရုပ်ရှင်ကားကြီးများပါရိုက်ကူးနေပြီဖြစ်ပါတယ်။လင်းအောင်ခတ်ဟာလတ်တလောတွင် ပွဲအခမ်းအနားများတက်ရောက်နေပြီး ကြော်ငြာများလည်းရိုက်ကူးနေတာဖြစ်ပါတယ်။

Photo Credit--Lin Aung Khit's Facebook acc
Photo Credit--Lin Aung Khit's Facebook acc

လင်းအောင်ခတ်ဟာ မကြာသေးမီကသူ့ရဲ့facebookစာမျက်နှာတွင်တရုတ်အိမ်တွေကို အလည်သွားသော်လဲ အန်ပေါင်းမရသော် အခါဆိုတဲ့ captionလေးနဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။သူဟာမျက်နှာငယ်လေးနဲ့ပို့စ်ပေးနေပြီး ဝိုင်ခွက်လေးတခွက်လည်းရှေ့မှာချထားတာဖြစ်ပါတယ်။အမြဲတန်း‌စနောက်လေ့ရှိတဲ့လင်းအောင်ခတ်ကတော့ အခုလည်းတစ်မျိုးလေးချစ်စရာကောင်းနေပြန်ပါပြီနော်။

Photo Credit--Lin Aung Khit's Facebook acc
Photo Credit--Lin Aung Khit's Facebook acc

လင်းအောင်ခေတ်ပါ၀င်သရုပ်ဆောင်ထားတဲ့ ရိုးမပေါ်ကျတဲ့မျက်ရည်ဆိုတဲ့ရုပ်ရှင်ကားကြီးဟာလည်း မကြာသေးမီကရုံတင်ပြသခဲ့တာဖြစ်ပါတယ်။ပရိတ်သတ်ကြီးလည်းဒီဇာတ်ကားကြီးကိုသဘောကျကြတယ်မလား။ယောကျာ်းပီသစွာတည်ကြည်ခန့်ငြားနေတဲ့လင်းအောင်ခတ်ရဲ့ပုံတွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit--Lin Aung Khit's Facebook acc
Photo Credit--Lin Aung Khit's Facebook acc

Source-Lin Aung Khit's Facebook acc

Photo Credit--Lin Aung Khit's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။