အိုင်းစတိုင်းရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ နှိုင်းရသီအိုရီ အကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ နှိုင်းရ သီအိုရီအရ တစ်စုံတစ်ခု သွားတဲ့အလျင်နှုန်း မြင့်လျှင် အချိန်နှေးသွားတယ်လို့ ဆိုထားပါတယ်။ အလျင်နှုန်းမြင့်မားစွာ သွားနေသော အာကာသယာဉ် အတွင်းမှာ အချိန်က နှေးကွေးနေတယ်လို့ ဆိုထားပါတယ်။ သို့သော် အလင်းရဲ့ အလျင်နှုန်းဖြင့်တော့ ဘယ်အရာမှ မသွားနိုင်သေးပါဘူး။

photo credit pngtree

အချို့သော သိပ္ပံဇာတ်လမ်းများတွင် အချိန်ကို နောက်ပြန်ဆွဲတဲ့ ပြကွက်များကို ပရိသတ်ကြီး ကြည့်ဖူးကြမှာ ဖြစ်ပါတယ်။ အဲ့ထဲက ပြကွက်ဟာထိုသီအိုရီကို အခြေခံထားတာပဲ ဖြစ်ပါတယ်။ နတ်ဘုံ နှင့် လူ့ဘုံတို့ သက်တမ်းကွာခြားနေတာကို အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီဖြင့် ဖြေရှင်းနိုင်တယ်လို့ ဆိုပါတယ်။ လူသားတို့ ရပ်တည်လှုပ်ရှားနေသော အလျင်နှုန်းဟာ ပရလောကသားများနှင့် နတ်ဗြဟ္မာတို့ အလျင် နှုန်းထက် များစွာ မြန်နှုန်းမြင့်နေတာကြောင့် အချိန်သက်တမ်း ကွာခြားနေတာလို့ ပြောလို့ရပါတယ်။

photo credit pngtree

လျှပ်စစ်အလျင်ရဲ့ အမြန်နှုန်းအလုပ်လုပ်ပုံကို ဥပမာပြရမယ်ဆိုရင် "လောပိတ ဓာတ်အားပေး စက်ရုံမှ ဓာတ်အားဖြန့်ဖြူးတဲ့ ခလုပ်ကို ပိတ်လိုက်တာနဲ့ ရန်ကုန်မြို့တွင် လျှပ်စစ်မီး ငြိမ်းသွားပါတယ်။ ခလုပ်ကို ဖွင့်လိုက်တာနဲ့ လျှပ်စီမီးများ လင်းလာတာကို" အားလုံးသိကြမှာ ဖြစ်ပါတယ်။ မိုင်ပေါင်း ၅၀၀ ကျော်ခန့် ကွာဝေးသော နေရာမှ လျှပ်စစ်ဓာတ်အားကို ထုတ်လွှတ်ပေးပို့တာ ဖြစ်သော်လည်း ရန်ကုန်မြို့အထိ သွယ်တန်းထားသော ကြေးကြိုးများမှ တစ်ဆင့် လျှပ်စစ်ဓာတ်အားက အလွန်လျင်မြန်သော နှုန်းဖြင့်ရောက်ရှိတာကြောင့် အချိန်ကြာတယ်လို့မထင်ရပါဘူး။ လျှပ်စစ် ဓာတ်ကကြေးနန်းကြိုး တစ်လျောက် ကြေးကြိုး၏ အမှုန်တစ်ခုချင်းကို ဆက်စပ် ဖြတ်သန်းလာရတာကြောင့် ၊ နှေးကွေးသော နှုန်းဖြင့်သာ လာရပါက ရှည်ကြာအချိန်အတိုင်းအတာ တစ်ခုယူရမှာဖြစ်ပြီး ဘယ်လိုမှ မြန်ဆန်စွာ ရောက်လာနိုင်တော့မှာ မဟုတ်ပါဘူး။ နှိုင်းရ သီအိုရီ၊ လျှပ်စစ် အလျင်ရဲ့ အမြန်နှုန်း အလုပ်လုပ်ပုံတို့ကို ဖတ်ရှုရတာ ကျေနပ်နှစ်သက်ကြမယ်လို့ ယုံကြည်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်း ဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။