Tigreal ဟာဆိုရင်တော့ သူငယ်ငယ်လေးကတည်းက သူရဲကောင်းကြီးတစ်ယောက်ဖြစ်ချင်တာကို ပရိသတ်ကြီးလဲ သိမှာပါ။ ဒါပေမဲ့ သူဟာ Zilong တို့ Alucard တို့လို Fighter မဟုတ်ပဲ Tank Role ရောက်ခဲ့တဲ့ သူရဲကောင်းတစ်ယောက်ဖြစ်ပါတယ်။ Tank ဆိုပေမဲ့လဲ သူရဲကောင်းပီသလိုလို Tank ဖြစ်ခဲ့ရတာပဲနေမှာ။ ဘာပဲဖြစ်ဖြစ်ပါ သူဟာအသင်းအတွက် အရှေ့ကနေ ကြံကြံခံပေးနိုင်ပြီး သူရဲ့ Ulti နဲ့ ကိုယ့်ဘက်က Hero များစွာကို Combo ထွက်စေတာမို့ ခေတ်မပျောက်သေးတဲ့ Hero ပါပဲ။  

Skill 1 ကတော့ အရှေ့ကို ဓားအလင်းတန်းတစ်ခုလှိုင်းထွက်သွားမှာဖြစ်ပြီး ရန်သူတွေကို Damage အပြင် ရွှေ့လျားနှုန်းကိုပါ ၂စက္ကန့်ကြာ ၆၅ရာခိုနှုန်းနှေးစေပါတယ်။ Skill 2 ကတော့ ကိုယ်ခေါ်လိုရာနေရာကို ရန်သူကို ဒိုင်းနဲ့တွန်းသွားတာဖြစ်ပြီး နောက်ဒုတိယတစ်ချက်ထပ်နှိပ်ပါက ရန်သူဟာ လေထဲမှာ ခဏ Knock သွားစေမှာဖြစ်ပါတယ်။ Ulti ကတော့ သူရဲ့ဓားကို မြေကြီးမှာစိုက်ထိုးဖို့ပြင်လိုက်တာဖြစ်ပြီး အဲ့ကွင်းအတွင်းရှိသူတွေက သူဆိကို အဆွဲခံရမှာဖြစ်ပြီး မြေကြီးနဲ့ဓားထိတဲ့ခါမှာ ၁.၅စက္ကန့်လောက် Stun သွားမှာဖြစ်ပါတယ်။   

Passive ကတော့ သူရဲ့ Skill ဒါမှမဟုတ် Basic Attack နဲ့ ၄ချက်လောက်ခုတ်ပြီးရင် ရမှာဖြစ်ပြီး Immune ထစေမှာဖြစ်ပါတယ်။ အဲ့တော့ Battle ဆိုင်တဲ့အခါမှာ Skill 2 နဲ့အရင်ဝင်သွားပြီးတော့ Ulti ဖွင့်ပြီး လူတွေကို စုလိုက်ပါ။ အဲ့ချိန်မှာ ကိုယ်ဘက်က အသင်းသားတွေကလဲ လက်ပိုက်နေမှာမဟုတ်ပဲ အဆင်ပြေသလို Comboတွေ လုပ်ပါလိမ့်မယ်။ Skill 1 ကတော့ Ulti သုံးပြီးတာနဲ့ သုံးလိုက်ပါ။ Battle နိုင်ဖို့အတွက် သူ့ရဲ့ Ulti နဲ့ ကိုယ်ဘက်က တစ်ကောင်ကောင်ရဲ့ Ulti ကအဓိကပါပဲ။ 

သတင်းအရင်းမြစ် Devil Knight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။