ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ဂျေးမစ်စကိုဗစ်ရှ် ဆိုသူဟာ ပင်လယ်ရေမျက်နှာပြင်အောက်မှာ ထူးဆန်းစွာ ရှာဖွေတွေ့ရှိခဲ့တဲ့ အရောင်မှိုင်းမှိုင်း မြကျောက်များ အကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ်တွင် အမေရိကန်ပြည်ထောင်စု၊ လော်ရီဒါမှ ဂျေးမစ်စကိုဗစ်ရှ် ဆိုသူက သူရဲ့ မိတ်ဆွေတစ်ဦးထံမှ ရတနာသိုက် မြေပုံတစ်ခုကို ရရှိခဲ့ပါတယ်။

photo credit pngtree

အပျော်တမ်း ရေငုပ်သမားတစ်ဦးဖြစ်သော မစ်စကိုဗစ်ရှ်ဟာ ဖလော်ရီဒါ ပင်လယ်ကွေ့ ရေနက်ပိုင်းတွင် ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ မြကျောက် သိုက်ကြီးကို ရှာဖွေရန် ပင်လယ်ပြင်သို့ ထွက်ခွာခဲ့ပါတယ်။ ထိုမြကျောက်များရဲ့ မူလဇာတ်မြစ်ကို ယနေ့ထိတိုင် ဘယ်သူမှ သေသေချာချာ မသိရှိခဲ့သော်လည်း မစ်စကိုဗစ်ရှ်ဟာ မိမိကံ ကြမ္မာကို စမ်းကြည့်ရန် ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ အဲ့လိုနဲ့ မစ်စကိုဗစ်ရှ်ဟာ ကြိုးစားပမ်းစားနဲ့ ရေအောက်ထဲတွင် ရှာဖွေခဲ့ရာ ၆၀ ဒီဂရီမျှသော စက်ဝိုင်းခြမ်းပုံ ဧရိယာအတွင်းမှ ရတနာများကို တွေ့ရှိခဲ့ပါတယ်။

photo credit pngtree

ထိုတွေ့ရှိခဲ့တဲ့ သတင်းဟာ အမေရိကန် ပြည်သူများအတွင်း သတင်းပျံ့နှံ့ခဲ့ပြီး ပြည်ထောင်စု စုံထောက်များက သတိထားမိခဲ့ကြပါတယ်။ မစ်စကိုဗစ်ရှ်က အလေးချိန်ပေါင် ၈၀ ကျော်သော မြများကို တွေ့ရှိခဲ့တဲ့ ကြီးမားသောရလာဒ်နှင့်အတူ ပြည်ထောင်စုအစိုးရရဲ့ စုံစမ်းစစ်ဆေးမှုများကို ရင်ဆိုင်ရဖွယ်ရှိသော စောင့်ဆိုင်းမှု ဖိအားများဟာ "မစ်စကိုဗစ်ရှ်" ဆိုပြီး လူသိများကျော်ကြားလာခဲ့ပါတယ်။ ပြည်ထောင်စု အစိုးရက ထိုရတနာများအား ရေတွင် နစ်မြုပ်နေတဲ့ ရတနာများဖြစ်ကြောင်း ယုံကြည်မှုရရှိစေရန် စောင့်ဆိုင်းခဲ့ကြပါတယ်။ ဘယ်လိုပဲပြောပြော မစ်စကိုဗစ်ရှ်ဟာ ရတနာပုံပေါ်တွင်ထိုင်ရမယ့် အကောင်းဆုံး အချိန်သို့ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။