ဒီတစ်ခါမှာတော့ "King of Pop" ဆိုပြီး တစ်ကမ္ဘာလုံးက ပရိသတ်တွေ ကြိုက်နှစ်သက် အားပေးခဲ့ကြတဲ့ "Michael Jackson" အသားဖြူလာရတဲ့ အကြောင်းအရင်း အဖြစ်မှန်ကို အမှန်တိုင်း သိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အခုလို ကမ္ဘာတစ်ဝှမ်းက ထူးဆန်းဖွယ် အဖြစ်အပျက်တွေ အပြင် လတ်တလော အနုပညာလှုပ်ရှားမှု၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်) သတင်း ကဏ္ဍစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit Once A Glance Page

မိုက်ကယ်ဂျပ်ဆင်ကို ၁၉၅၈ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ Gray၊ Indiana မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ မိဘတွေကတော့ ဖခင် Joe Jackson နဲ့ မိခင် Katherine Jackson တို့ပဲ ဖြစ်ပါတယ်။ မွေးချင်း ၉ယောက်ရှိပြီး ၇ယောက်မြောက် သားဖြစ်ပါတယ်။ ထင်ရှားတဲ့ သီချင်း အယ်လ်ဘမ်ပေါင်း ၁၉ ခွေ ထွက်ခဲ့ပြီး ပထမဦးဆုံးထွက်ရှိခဲ့တဲ့ "Thriller" နဲ့ စတုတ္ထမြောက်ထွက်ရှိခဲ့တဲ့ "Dangerous" အယ်လ်ဘမ်တွေက ကမ္ဘာကျော်ခဲ့ပါတယ်။

photo credit Once A Glance Page

၁၉၉၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ "History" ထဲက ဂျပ်ဆင်ရဲ့ အသားအရောင်ဟာ ၁၉၈၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ "Thriller" အယ်လ်ဘမ်ထဲမှ ဂျပ်ဆင်ရဲ့ အသားရောင်ထက် အဆပေါင်းများစွာ ဖြူဖွေးနေတာကို တစ်ကမ္ဘာလုံးက ပရိသတ်တွေ သတိထားမိခဲ့ကြပါတယ်။ အဲ့ကိစ္စကို Autopsy ဆိုတဲ့ ခွဲစိတ်ရောဂါ ရှာဖွေရေး အဖွဲ့က ဂျပ်ဆင်ကို အင်တာဗျူးမေးမြန်းတဲ့အခါမှာ မလိမ်မညာဘဲ မိုက်ကယ် ဂျပ်ဆင်က အမှန်အတိုင်း ပြောခဲ့ပါတယ်။ အကြောင်းကတော့ သူ့မှာ မျိုးရိုး ဗီဇလိုက်တဲ့ ရောဂါ "Vitiligo" (ခရုသင်း ဆန်ဆန်ဖြစ်တဲ့) ရောဂါ ရှိကြောင်း အတိအလင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

source Once A Glance Page

photo credit Once A Glance Page

photo credit Once A Glance Page

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။