ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ ဟစ်တလာ ဦးဆောင်တဲ့ နာဇီတပ်များရဲ့ စမ်းသပ်ချက်တွေထဲကမှ တစ်ခုဖြစ်တဲ့ "Tuberculosis ( တီဘီ ရောဂါ)" နဲ့ ပတ်သက်ပြီး စမ်းသပ်ခဲ့ပုံကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းရှိ စစ်ဘက်ဆိုင်ရာ သိပ္ပံ ဌာနတွေမှာ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို ကာကွယ်ရန် နည်းအမျိုးစုံသုံးပြီး အထိရောက်ဆုံးနှင့် အရက်စက်ဆုံး လက်နက်တွေကို တီထွင်ခဲ့တာဟာ အပြစ်ပြောလို့ တော့မရပါဘူးနော်။

photo credit pngtree

ဂရိစစ်သားများဟာ မြွေကိုတောင် စစ်လက်နက် အဖြစ် အသုံးပြုခဲ့ကြပါတယ်။ ဒါပေမယ့် ဂျာမနီစစ်တပ်ကတော့ အကျဉ်းသားတွေနဲ့ Human experiment လို့ခေါ်တဲ့ လူသားအစားထိုး စမ်းသပ်မှုတွေ ပြုလုပ်ခဲ့တာကြောင့် တစ်ကမ္ဘာလုံးက လူတွေ တုန်လှုပ်ခဲ့ရပါတယ်။ အကျဉ်းသားတွေထဲမှာ အများဆုံးပါဝင်တာကတော့ ဂျူးလူမျိုးတွေပဲဖြစ်ပါတယ်။ စမ်းသပ်မှုတွေ အမျိုးမျိုးပြုလုပ်ခဲ့တဲ့ အထဲကမှ တီဘီရောဂါ ခုခံနိုင်ရည်ကို အကျဉ်းသားတွေနဲ့ စမ်းသပ်တဲ့ စမ်းသပ်မှုဟာလည်း ဝမ်းနည်း စိတ်ပျက်ဖွယ် ကောင်းလှပါတယ်။

photo credit pngtree

သာမာန်လူတစ်ယောက်ဟာ တီဘီ ရောဂါကို ဘယ်လောက်ထိ ခံနိုင်ရည်ရှိသလဲ ဆိုတာရယ် နောက်ပြီး တီဘီရောဂါ ကာကွယ်ဆေးထုတ်လုပ်ရန် စမ်းသပ်ဖို့အတွက် နာဇီတပ်များက အကျဉ်းသားတွေကို အသုံးချခဲ့တာ ဖြစ်ပါတယ်။ စမ်းသပ်ပြုလုပ်ပုံကတော့ အကျဉ်းသား အဆုပ် ထဲသို့ TB ရောဂါပိုးမွှားများကို တိုက်ရိုက်ထိုးသွင်းခဲ့တာ ဖြစ်ပါတယ်။ လူပေါင်း ၂၀၀ ကျော်စိတ်မကောင်းစွာနဲ့ဘဲ အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

source Once A Glance Page

photo credit pngtree

photo credit pngtree
photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။