ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်ဝှမ်းရှိ အံ့မခန်း ဗိသုကာပညာတွေနဲ့ ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Sands" ဟိုတယ်ကြီးအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သား သိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါ ဟိုတယ်ကြီး အကြောင်း မဖော်ပြသေးခင်မှာ လတ်တလောအနုပညာလှုပ်ရှားမှု၊ ပြည်တွင်းပြည်ပ အားကစားသတင်း(e-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားပေးဖို့ မှာကြားချင်ပါတယ်နော်။

photo credit pngtree

စင်္ကာပူနိုင်ငံ၊ မာရီနာ ပင်လယ်အော် အတွင်းတွင် တည်ဆောက်ထားသော ဆန်းစ်ဟိုတယ်ဟာ စင်္ကာပူ နိုင်ငံရဲ့ အကြီးမားဆုံးနှင့် အထင်ရှားဆုံး မိုးမျှော် ဟိုတယ်ဖြစ်ပါတယ်။ ဟိုတယ်ရဲ့ ထိပ်ဆုံး ၅၇ ထပ်တွင် မျှော်စင် သုံးခုအား ကြီးမားသော လှေပုံသဏ္ဍာန် ပြုလုပ် ဆက်သွယ် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အဲ့အထပ်များကနေ စင်္ကာပူ တစ်နိုင်ငံလုံးကို အပေါ်စီးမှ မြင်နိုင်တဲ့ ဗဟိုကျသော ရေကူးကန်ကြီးတစ်ခုကို ထည့်သွင်းတည်ဆောက် ထားတာ ဖြစ်ပါတယ်။

photo credit pngtree

စားသောက်ဆိုင်နှင့် ချောကလက်ဘား ကြီးတစ်ခု နှင့် စင်္ကာပူနိုင်ငံမှ နာမည်ကြီး ကူဒီတ (Ku De Ta) ကလပ်ကိုလည်း အဲ့အထပ်ကြီးမှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ ဟိုတယ်ရဲ့ အောက်ထပ်ကို စင်္ကာပူနိုင်ငံ၏ မြေအောက်ရထားစနစ်နှင့် တိုက်ရိုက် ဆက်သွယ် ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။ ဟိုတယ်ပိုင် ဈေးဝယ်စင်တာတစ်ခုနှင့် စားသောက်တန်းတွေလည်း ရှိပါတယ်။ ဟိုတယ်တွင် ကမ္ဘာ့ ဈေးအကြီးဆုံး ကာစီနိုကစားဝိုင်းလည်းရှိကာ ဟိုတယ်တည်ဆောက်မှု တန်ဖိုးဟာ ဒေါ်လာ ရှစ်ဘီလီယံဖြစ်ပါတယ်။ ဆန်းစ်ဟိုတယ် ဒီဇိုင်းအား အစ္စရေး ကနေဒါကပြား ဗိသုကာ ပညာရှင် မိုရှေးဆက်ဖ်ဒီက ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ စာဖတ်ပရိသတ်ကြီးရေ စင်ကာပူနိုင်ငံရဲ့ အထင်ကရ "Sands Hotel" ကြီးအကြောင်း သိရှိသွားတာကြောင့် ကျေနပ်အားရကြမယ်လို့ မျှော်လင့်ပါတယ်။ နောင်လည်း နိုင်ငံအသီးသီးရဲ့ ဗိသုကာ လက်ရာမြောက် အဆောက်အအုံများကို တင်ဆက်ပေးသွားမှာမလို့ ဆက်လက်စောင့်မျှော် အားပေးကြပါဦးနော်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။