ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်ဝှမ်းရှိ ထူးထူးခြားခြား ရှာဖွေ တွေ့ရှိမှုတွေတည်းက တစ်ခုဖြစ်တဲ့ "Terracotta Army" မြေအောက်စစ်သည်များ အကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြ ပေးသွားမှာ ဖြစ်ပါတယ်။ ထိုအကြောင်းလေး မဖော်ပြသေးခင်မှာ လတ်တလော အနုပညာလှုပ်ရှားမှုသတင်း၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ကမ္ဘာအနှံ့မှာရှိတဲ့ ဗဟုသုတသတင်းစုံလင်ကို အချိန်နဲ့ တပြေးညီ တင်ဆက်ပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload page ကို like and follow လုပ်တာ မမေ့သွားဖို့ ပြောချင်ပါတယ်နော်။

photo credit pngtree

ကဲ ပရိသတ်ကြီးရေ မြေအောက်စစ်သည်များ အကြောင်း ပြန်လည်သွားလိုက်ကြရအောင်။ တရုတ် ပထမ အင်ပါရာ၏ ဘုရင်ဖြစ်သူ ချင်ရှီဟောင်ဒီရဲ့ ဂူဗိမာန်နေရာကို ၁၉၇၄ ခုနှစ်တွင် တူးဖော်တွေ့ရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာ "UNESCO" ယူနက်စ်ကို အဖွဲ့က ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် နေရာတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ထိုရှာဖွေတွေ့ရှိခဲ့တဲ့ မြေအောက် ဂူသချုၤိင်းမှ ရွံ့မြေ ဖြင့်ပြု လုပ်ထားသော ထောင်နှင့်ချီတဲ့ ကျောက်ရုပ်စစ်သည် တပ်မတော်တစ်ခုကို ထပ်မံတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

photo credit pngtree

ရှုပ်ထွေးပြန့်ကြဲနေသော အဲ့နေရာတွင် မြေကျင်း လေးခုကို တူးဖော်ခဲ့ရာ တွေ့ရှိခဲ့တဲ့ စစ်သည် ကျောက်ရုပ်ပေါင်းဟာ ရှစ်ထောင်ကျော် ရှိမယ်လို့ ခန့်မှန်း ထားခဲ့တာ ဖြစ်ပါတယ်။ အဲ့လို ထောင်နဲ့ချီပြီး စစ်သည်ကျောက်ရုပ်များကို တွေ့ရှိခဲ့သော်လည်း ချင်ရှီဟောင်ဒီ ဘုရင် ရုပ်ကြွင်းအား မြှုပ်နှံထားသော ဂူကိုတော့ မတွေ့ရှိခဲ့ပါဘူး။ သို့သော် မြေအောက် ခန်းဆောင်များမှာရှိမယ်လို့ ယူဆကြသော်လည်း ရှေးဟောင်းသုတေသန ပညာရှင်များဟာ မြေအောက် လှိုဏ်ဂူ အတွင်းတွင် ရှိနေမယ့် အရာများနှင့် လှိုဏ်ဂူဝန်းကျင်များကို မထိခိုက်စေရန် ဖွင့်လှစ်ဖို့ကို တားမြစ်ခဲ့တာ ဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။