ချစ်ပရိသတ်ကြီးရေ မျက်လုံးမှေးမှေးလေးနဲ့ ချစ်စရာလည်းအရမ်းကောင်းပြီး သရုပ်ဆောင်လည်းကောင်းတဲ့ သရုပ်ဆောင်မင်းသမီးချောလေးခင်လေးနွယ်ဆိုတာ အားလုံးရဲ့အသည်းကျော်လေးပါပဲနော်။ သူမဟာ လီဆူတိုင်းရင်းသူလေးတစ်ယောက်လည်းဖြစ်ပြီးတော့ ပရိတ်သတ်တွေပေးတဲ့ ရင်ထဲကနေရာတစ်နေရာကို ရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Photo Credit :Khin Lay Nwe Facebook
Photo Credit :Khin Lay Nwe Facebook

ခင်လေးနွယ်ကတော့ သူငယ်ချင်းတွေနဲ့ အတူ အပန်းဖြေခရီးတွေ မကြာခဏဆိုသလိုထွက်ရှိနေတာလည်းဖြစ်ပါတယ်။ပရိသတ်တွေ အပေါ်မှာလည်း ရိုးသားပွင့်လင်းစွာ ပေါင်းသင်းဆက်ဆံတဲ့ အတွက်ကြောင့် လည်းပရိသတ်တွေ အချစ်ပိုနေရတာဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ အတူ ပျော်ရွှင်အေးချမ်းစွာ အနုပညာအလုပ်တွေ လုပ်ရင်း သူမရဲ့ ဘဝကိုသာယာပျော်ရွှင်စွာ ဖြတ်သန်းနေတာဖြစ်ပါတယ်။

Photo Credit :Khin Lay Nwe Facebook
Photo Credit :Khin Lay Nwe Facebook

ခင်လေးနွယ်က ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်။လတ်တလောမှာလည်း အရမ်းလှတဲ့ ပင်လယ်ကြီးကိုနောက်ခံထားကာရိုက်ထားတဲ့ ပုံရိပ်လေးတွေနဲ့ အတူ "ပင်လယ်ပြင်ကြီးကိုကြည့်ပြီး

မင်းကိုလွမ်းရတာလဲ အလုပ်တစ်ခုပဲ" ဆိုတဲ့စာလေးကို ဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိလှနေတာကြောင့်ပရိသတ်ကြီးကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Photo Credit :Khin Lay Nwe Facebook
Photo Credit :Khin Lay Nwe Facebook

Source & Photo Credit : Khin Lay Nwe facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။