ဒီတစ်ခါမှာတော့ ပရိသတ်ကြီးကို အမေရိကန်နိုင်ငံ တောင်ပိုင်း Dakota ပြည်နယ်မှာရှိတဲ့ အမေရိကန် သမ္မတ လေးဦးရဲ့ ရုပ်ထုကြီးအကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ထိုရုပ်ထုကြီးတွေကို "Borglum"ဆိုသူက တာဝန်ယူတည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ရုပ်ထုကြီးတွေ ပြုလုပ်နေစဉ်အတွင်းမှာ ကျောက်သားတွေ ကွဲထွက် ပျက်စီးမသွားရအောင် အရည်အသွေးကောင်းတဲ့ ကျောက်တောင်ကြီး Mount Rushmore ကို ရွေးချယ်ခဲ့ပါတယ်။ အလုပ်သမား ၄၀၀ နဲ့အတူ တောင်တက်ပစ္စည်းများကို အကူအညီယူပြီး တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

photo credit Once A Glance Page

ထိုသမိုင်းတွင်မယ့် ရုပ်ထုကြီးတွေ ဆောက်လုပ်တဲ့အခါမှာ အမေရိကန်နိုင်ငံက အလှူငွေ ကောက်ခံခဲ့တာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အလှူငွေ ဒေါ်လာ တစ်သန်းနဲ့ ၁၉၂၇ ခုနှစ်ကနေ ၁၉၄၁ ခုနှစ်အထိ ၁၄ နှစ်တိုင်တိုင် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် အမျိုးသားရေး အထိမ်းအမှတ် အဖြစ်ထုလုပ်ခဲ့တဲ့ အဲ့ရုပ်ထုကြီးတွေဟာ အမေရိကန် သမ္မတ လေးဦးကိုသာ ရွေးချယ်ခဲ့ပါတယ်။ ထိုလေးဦးကတော့ "George Washington ( 1732-1799) Thomas Jefferson (1743-1826) Theodore Roosevelt (1858-1919) Abraham Lincoln (1809-1865 )" အစရှိသူတွေပဲ ဖြစ်ပါတယ်။

photo credit Once A Glance Page

ထိုသမ္မတကြီးလေးဦးဟာ အမေရိကန်နိုင်ငံ နယ်မြေတွေကို စုစည်းတည်ဆောက်ခြင်း နယ်မြေချဲ့ထွင်ခြင်း၊ နယ်မြေသတ်မှတ်ခြင်းနှင့် အလွန်ကောင်းမွန်တဲ့ မူဝါဒတွေ ချမှတ်ပေးခဲ့တာကြောင့် ပြည်သူတွေရဲ့ ရင်ထဲမှာပါ မှတ်ကျောက်ထူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ထိုရုပ်ထုကြီးတွေကို လာရောက်ကြည့်ရှုတဲ့သူတွေဟာ နှစ်စဉ် လူဦးရေ နှစ်သန်းခဲ့ရှိပြီး ဝင်ကြေးကတော့ အခမဲ့ ဖြစ်ပါတယ်။ ဝင်ပေါက်မှာ လွှင့်ထူထားတဲ့ အမေရိကန် အလံတွေဟာလည်း လာရောက် ကြည့်ရှုတဲ့သူတွေက သမ္မတကြီးတွေကို လေးစားသမှုပြုတဲ့အနေနဲ့ စိုက်ထူးထားတယ်လို့ သိရပါတယ်။

source Once A Glance Page

photo credit Once A Glance Page

photo credit Once A Glance Page

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။