ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်ဝှမ်းရှိ အင်အားအပြင်ဆုံး ငလျင်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ မြောက်ပစိဖိတ် ကမ်းခြေ ငလျင်အကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာရှင်သတင်း၊ ပြည်တွင်းပြည်ပ အားကစားသတင်း ( E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို အချိန်နဲ့ တပြေးညီ တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit WIKIPEDIA

၁၇၀၀ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ မြောက်ပစိဖိတ် ကမ်းခြေငလျင်ကြီးဟာ ၁၇ ရာစု ကာလပိုင်းတွေမှာ အင်အားအကြီးဆုံး ငလျင်တစ်ခု လို့ ပြောရမှာဖြစ်ပါတယ်။ အဲ့ငလျင်ကြီးရဲ့ ခန့်မှန်းခြေ ပြင်းအားကတော့ ၉ ရှိပါတယ်။ မြောက်အမေရိကတိုက်တွင် အပြင်းထန်ဆုံး လှုပ်ခဲ့သော ငလျင်ဟာ မှတ်တမ်းအထောက်အထားများ မရှိသော်လည်း ကနေဒါနိုင်ငံ၊ ဗန်ကူဗာကျွန်းအနီးတွင် လှုပ်ခဲ့တဲ့ ငလျင်ဖြစ်ကြောင်း ဒေသခံ အမေရိကန်များက ပြောဆိုကြပါတယ်။

photo credit pngtree

ငလျင်ဒဏ် ကြောင့် ပချီနာပင်လယ်အော်(Pachena)ဟာ ကြီးမားသော ငလျင်လှိုင်းနှင့် အတူ ပျောက်ကွယ်သွားခဲ့ကြောင်း ပါးစပ် ရာဇဝင် များလည်း ရှိခဲ့ပါတယ်။ ပစိဖိတ်သမုဒ္ဒရာရဲ့ တစ်ဖက်ခြမ်းမှာရှိနေတဲ့ ဂျပန်နိုင်ငံဟာ ၁၇၀၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၇ ရက်တွင် ကြီးမားသော ဆူနာမီ ရေလှိုင်းများ ရိုက်ခတ်ခံခဲ့ရကြောင်း တိကျစွာ မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။ ရေလွှမ်းမိုးမှု ကြီးမားမှုကို မူတည်လျက် ငလျင်ပညာရှင်များက ဗန်ကူဗာငလျင်အား ပြင်းအားအဆင့် ၉ ရှိကြောင်း တိတိကျကျ ခန့်မှန်းခဲ့ကြတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။