ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ထူးထူးဆန်းဆန်း ဇိမ်ခံပစ္စည်း တစ်ခုဆိုပြီး ပြောလို့ရတဲ့ "Original Barbie" အရုပ်လေးအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါ အရုပ်လေးအကြောင်း မဖော်ပြသေးခင်မှာ လတ်တလော အနုပညာလှုပ်ရှားမှုသတင်း၊ ပြည်တွင်း ပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ကမ္ဘာအနှံ့မှာရှိတဲ့ ဗဟုသုတ သတင်းစုံလင်ကို အချိန်နဲ့ တပြေးညီ တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်တာ မမေ့သွားဖို့ မှာကြားချင်ပါတယ်နော်။

photo credit pngtree

ကဲ ဘာဘီ ရုပ်လေးအကြောင်းကို ပြန်လည် သွားလိုက်ကြရအောင်။ ထိုရုပ်လေးကို ၁၉၅၉ ခုနှစ်မှာ အမေရိကန် "toy mattel company" ကနေ"Original Barbie" ရုပ်လေးကို ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး အဲ့နှစ်မှာပဲ ကမ္ဘာတစ်ဝှမ်းလုံးကို စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ fashion doll အမျိုးအစားဖြစ်ပြီး အဲ့အရုပ်လေးကို ပုံစံမျိုးစံနဲ့ ထုတ်လုပ် ဖြန့်ချီခဲ့တာ ဖြစ်ပါတယ်။ ပထမဦးဆုံး မျက်မှန်လေးကိုင်ထားတဲ့ အရုပ်လေးကို စတင် ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်းမှာတော့ မတူညီတဲ့ ပုံစံတွေပါ ထွက်ရှိလာတာ ဖြစ်ပါတယ်။

photo credit Once A Glance Page

နောက်တော့ အဲ့ အရုပ်လေးကိုပဲ စလင်းဘတ် အိတ်ကိုင်တဲ့ ဒီဇိုင်းပုံစံ ပြောင်းလဲ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့အရုပ်လေးကို ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်းမှာ ရုပ်ရှင်တွေ ရိုက်ကူးရတဲ့ အထိ အောင်မြင်ကျော်ကြားခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် စီးပွားရေး အမျိုးသမီးတစ်ဦးဖြစ်တဲ့ "Ruth Handler" ရဲ့ လက်ရာဖြစ်ပြီး ဂျာမနီ အရုပ်လေး "Bild Lilli" ပုံစံကို မှီငြမ်း ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့အရုပ်လေးရဲ့ တန်ကြေးကတော့ အမေရိကန် ဒေါ်လာ ၈၀၀၀ ဖြစ်ပြီး အခုလက်ရှိ မြန်မာငွေ ပေါက်ဈေးအနေနဲ့ သိန်း ၁၀၀ ကျော်နီးပါး ရှိပါတယ်။

Source Once A Glance Page

photo credit pngtree 

photo credit Once A Glance Page

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။