တရုတ်အာဏာပိုင်တွေဟာ လူ့အသားကို တိရစ္ဆာန်​အသားနေရာမှာ အသုံးပြုပြီး စည်သွတ်ဘူးထဲထည့်ကာ အာဖရိကသို့ တင်သွင်းရောင်းချနေခြင်းမှာ လုံးဝမဟုတ်ကြောင်းပြတ်ပြတ်သားသားငြင်းဆိုလိုက်သည်။

အာဖရိကနိုင်ငံသို တရုတ်ပြည်မှ စည်သွတ်အသားများတင်ပို့လျက်ရှိပြီး လွန်ခဲ့တဲ့ရက်အနည်းငယ်က တရုတ်ပြည်မှာနေထိုင်တဲ့ အမည်မဖော်လိုသူအာဖရိကအမျိုးသမီးတစ်ဦးဟာ အာဖရိကသားတွေကို တရုတ်ပြည်ကတင်သွင်းတဲ့ စည်သွတ်အသားတွေမစားဖို့နဲ့ လူသေအလောင်းကနေအသားများ ကြာရှည်ခံနိုင်ရန်လုပ်ကာ အသုံးပြုထားကြောင်း ကောလာဟာလသတင်းတွေထွက်ခဲ့ပါတယ်။ ဒီသတင်းကို တရုတ်ပိုင်သတင်းစာတွေမှာလဲ ထည့်သွင်းဖော်ပြခဲ့ပြီး အာဏာပိုင်များက ထိထိရောက်ရောက်စုံစမ်းစစ်ဆေးမှုပြုလုပ်အပြီးမှာ မဟုတ်ဘူးလို့ အတိအလင်းငြင်းဆိုခဲ့ပါတယ်။

ဘေကျင်းမြို့ရှိအသားဆိုင်တစ်ဆိုင်အားတွေ့ရစဉ်

လူမှုကွန်ယက်တွေမှာ သတင်းနဲ့အတူပြန့်နေတဲ့ လူသေအလောင်းပုံကတော့ Resident Evil 6 ရုပ်ရှင်မှ ဇာတ်ဝင်ခန်းတစ်ခုဖြစ်ကြောင်းတွေ့ရှိရပါတယ်။

Source: Mirror

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။