MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ ပွဲစဉ်တစ်ပွဲ အဖြစ် ယနေ့ ညနေ ၃း၃၀အချိန် ဟံသာဝတီယူနိုက်တက်အသင်း၏ အိမ်ကွင်းဖြစ်သည့် ပဲခူးမြို့ Grand Royal ကွင်းကြီးထဲတွင် ဟံသာဝတီယူနိုက်တက်အသင်းနှင့်ဆောက်သမ်းမြန်မာအသင်းတို့ယှဥ်ပြိုင်ကစားရာ ဟံသာဝတီယူနိုက်တက်အသင်းက ဆောက်သမ်းမြန်မာ အသင်းကို ၅-၀ ဂိုးဖြင့် အနိုင်ရရှိ သွားခဲ့ပါတယ်။
ဟံသာဝတီယူနိုက်တက် အသင်းအတွက် ဦးဆောင်ဂိုးနှင့် အနိုင်ဂိုးများကို ပွဲချိန် ၁၁မိနစ်၊ ၂၁မိနစ်နှင့် ၈၈မိနစ်တို့တွင် Emeka မှလည်းကောင်း၊ ပွဲချိန် ၄၉ မိနစ်တွင် အောင်မိုးထွေးနှင့် ၇၀ မိနစ်တို့ Donald Bissa တို့မှအသီးသီးသွင်းယူပေးခဲ့ပါတယ်။ ပဲခူးမြို့ Grand Royal ကွင်းကြီးထဲတွင်ယှဉ်ပြိုင်ကစားခဲ့ကြသည့် ဟံသာဝတီယူနိုက်တက်အသင်းနှင့်ဆောက်သမ်းမြန်မာအသင်းတို့၏ ပွဲစဉ်ကိုပရိသတ်များ တခဲနက် လာရောက်အားပေး ကြပါတယ်။
တစ်ဖက်မှာတော့ ရန်ကုန်ယူနိုက်တတ်အသင်းနဲစစ်ကိုင်းယူနိုက်တတ်အသင်းတို့ ကစားခဲ့ကြပြီး ရန်ကုန်ယူနိုက်တတ်အသင်းက အနိုင်ရရှိခဲ့ပါတယ်။ရန်ကုန်ယူနိုက်တက်အသင်း၏ မြက်ခင်းတုကွင်းမှာယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်မှာ ရန်ကုန်ယူနိုက်တက်အသင်းက ဧည့်သည်စစ်ကိုင်းယူနိုက်တက်အသင်းအပေါ် နှစ်ဂိုး၊ ဂိုးမရှိဖြင့် နိုင်ပြီး အိမ်ကွင်းမှာ နိုင်ပွဲပြန်လည် ရယူနိုင်ခဲ့ပါတယ်။
source - Myanmar National League Facebook page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။