ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် ၄ ပွဲစဉ်တစ်ပွဲ ဖြစ်သည့်ရခိုင်ယူနိုက်တက်အသင်းနဲ့ ရတနာပုံအသင်းတို့ရဲ့ ပွဲစဉ်ကို စစ်တွေမြို့ ဝေသာလီကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ရခိုင်ယူနိုက်တက်အသင်းက ရတနာပုံအသင်း ကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

ပွဲစဉ်တွင် နှစ်ဖက်အသင်းသည် အပြန်အလှန် တိုက်စစ်များဖြင့် ကစားခဲ့ကြပြီး ဂိုးရရှိရေးကိုသာ အစွမ်းကုန်ကြိုးစားကြသော်လည်း ဂိုးမရှိပဲ ပထမပိုင်းကို ပြီးဆုံးစေခဲ့ပါတယ်။ဒုတိယပိုင်းတွင် ပြိုင်ဆိုင်မှုပိုမို ပြင်းထန်လာခဲ့ပြီး ရခိုင်ယူနိုက်တက်အသင်း အတွက်တစ်လုံးတည်းသော အနိုင်ဂိုးကို ကျောနံပါတ် (၇၇)ကောင်းမြတ်ကျော်မှ၅၀မိနစ်တွင်သွင်းယူပေးခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

ရတနာပုံအသင်းသည်ချေပဂိုးပြန်လည်ရရှိရန်အစွမ်းကုန်ကြိုးစားသော်လည်း ရခိုင်အသင်းနောက်တန်းများက ဖျက်ထုတ်ကာကွယ်နိုင်ခဲ့သဖြင့် ရတနာပုံအသင်း အရှုံးနှင့်သာရင်ဆိုင်ခဲ့ရခြင်းပဲဖြစ်ပါတယ်။ပွဲစဉ်(၅) တွင် ရခိုင်အသင်းကတော့ ချင်းအသင်းနှင့် စစ်တွေမြို့ဝေသာလီကွင်းတွင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ရတနာပုံအသင်းက ရှမ်းအသင်းနှင့် ဗထူးကွင်းတွင်ယှဉ်ပြိုင်သွားရမည်ဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook page

Source - Myanmar National League Facebook page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။