MPT Myanmar National League (U-21) 2020 ပွဲစဉ်(၂)အပြီး မြဝတီအက်ဖ်စီလူငယ်အသင်းက ဧရာဝတီယူနိုက်တက်အသင်းနှင့်အတူ ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပါတယ်။ ပွဲစဉ် (၂) မှာ အသင်းတိုင်းက ကြိုတင်ပြင်ဆင်လာမှုတွေနဲ့အတူ ပြိုင်ဆိုင်မှုပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ကစားသွားကြပြီး အကောင်း ဆုံးပွဲစဉ်ကောင်းတွေပဲဖြစ်ခဲ့တာပါ။

Photo Credit - Myanmar National League Facebook Page

ယင်း ပွဲစဉ်(၂) ယှဉ်ပြိုင်ကစားအပြီး အသင်းတိုင်းရဲ့ ရလဒ်များနှင့် အမှတ်ပေးဇယားကို ဖော်ပြပေးလိုက်ရပါတယ်။ပွဲစဉ်(၂) ရလဒ်များဆောက်သမ်းမြန်မာ ၂-၀ ရှမ်းယူနိုက်တက် ၊ ချင်းလန်းအက်ဖ်စီ ၂-၁ ရခိုင်ယူနိုက်တက် ၊ မြဝတီအက်ဖ်စီ ၃-၀ ဇွဲကပင်ယူနိုက်တက် ၊ဧရာဝတီယူနိုက်တက် ၂-၀ ISPE(အား/ကာသိပ္ပံ) ၊ ငွေကြယ်ပွင့်လေးများ ၁-၀ ယောမြေအက်ဖ်စီ ၊ ကချင်ယူနိုက်တက် ၄-၄ မောရဝတီအက်ဖ်စီရတနာပုံအက်ဖ်စီ ၂-၁ စစ်ကိုင်းယူနိုက်တက် ၊ မကွေးအက်ဖ်စီ ၁-၁ ရန်ကုန်ယူနိုက်တက် ၊ ဟံသာဝတီယူနိုက်တက် ၁-၂ ယူနီဗာစတီ အသီးသီးယှဉ်ပြိုင်ကစားခဲ့ကြတာပဲဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook Page

နောက်ထပ် ပွဲစဉ် (၃) မှာဘယ်အသင်းတွေက အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်မလဲ၊ အသင်းတွေရဲ့ ပြိုင်ဆိုင်မှုပြင်ထန်တဲ့ ပြိုင်ပွဲတွေဖြစ်တာကြောင့် ပရိသတ်ကြီးကလည်း လာရောက်အားပေးကြည့်ရှုကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။ ကဲ့ချစ်ပရိသတ်ကြီးရေ ယခုတစ်ခါမှာတော့ MPT မြန်မာနေရှင်နယ်လိဂ် ယူ - ၂၁ အသင်း ၂၀၂၀ အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် (၂) အပြီးရဲ့ အမှတ်ပေးပြိုင်ပွဲဇယားရပ်တည်မှုရဲ့ ရလဒ်တွေကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit - Myanmar National League Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။