မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အိုလံပစ်အမျိုးသမီးခြေစစ်ပွဲ တတိယအဆင့်ဘောလုံးပြိုင်ကို တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပမည်ဖြစ်ပြီး တောင်ကိုရီးယားအသင်း နှင့် ဗီယက်နမ်အသင်းတို့နဲ့ ထိပ်တိုက်တွေဆုံးနေကာ Jeju World Cup Stadium တွင် ဖေဖော်ဝါရီ ၂ရက် ကိုရီးယားစံတော်ချိန် ည ၇နာရီမှ ၈နာရီအထိ မြန်မာလက်ရွေစင်အမျိုးသမီးအသင်းသည် ကြိုတင်လေ့ကျင့်ရေးများ ပြုလုပ်ခဲ့ပါတယ်။ 

Photo Credit - Myanmar Football Federation Facebook Page
Photo Credit - Myanmar Football Federation Facebook Page

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကတော့ အိုလံပစ်ခြေစစ်ပွဲ အဖွင့်ပွဲစဉ်အဖြစ် တောင်ကိုရီးယားအသင်းနှင့် ယနေ့ ဖေဖော်ဝါရီ ၃ရက် မြန်မာစံတော်ချိန် ညနေ ၄နာရီ ၃၀မိနစ်၊ Jeju World Cup Stadium တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်၏ ကိုရီးယားရုပ်သံလိုင်းမှ တိုက်ရိုက်ပြသမည်ဖြစ်ပြီ Online မှ တိုက်ရိုက်ကြည့်ရှုနိုင်မည့် လင့်ခ် ကို သိရှိရသည် နှင့် မျှဝေပေးသွားမည်လည်းဖြစ်ပါတယ်။

Photo Credit - Myanmar Football Federation Facebook Page
Photo Credit - Myanmar Football Federation Facebook Page

တောင်ကိုရီးယားနိုင်ငံ Jeju မြို့ရှိ မြန်မာ့လက်ရွေးစင်အသင်းနှင့် တောင်ကိုရီးယားအသင်းတို့ ပွဲစဉ်ကို လာရောက်ကြည့်ရှုမည့် ပရိသတ်များအနေဖြင့် လက်ရှိအချိန်တွင် ဖြစ်ပွားလျက်ရှိသည့် ကျန်းမာရေးကိစ္စရပ်များကြောင့် မိမိတို့ကျန်းမာရေးအတွက် နှာခေါင်းစည်းများ တပ်ဆင်ပေးပါရန် နှင့် ပြိုင်ပွဲကျင်းပရာကွင်းပတ်လည်တွင် ကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့များ ထားရှိထားကြောင်း ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ ထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။

Source & Photo Credit - Myanmar Football Federation Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။