ရန်ကုန်ယူနိုက်တတ်အသင်းကတော့ အကောင်းဆုံး အာဆီယံကလပ် ၁၀ သင်းမှာ ပါဝင်လာခဲ့ပြီး အဆင့်၁၀နေရာမှာ ရပ်တည်ထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀၊ ဇန်နဝါရီလရဲ့ အကောင်းဆုံး အာဆီယံကလပ် ၁၀ သင်းမှာ မြန်မာနိုင်ငံကလပ်အသင်းအနေနဲ့ ရန်ကုန်ယူနိုက်တတ်တစ်သင်းတည်းသာ ပါဝင်လာခဲ့တာပဲ ဖြစ်ပါတယ်။

photo credit : Yangon United Football Club 's facebook page
photo credit : Yangon United Football Club 's facebook page

ဇန်နဝါရီလ အကောင်းဆုံး အာဆီယံကလပ် ၁၀ သင်းရဲ့ အဆင့် ၁နေရာကိုတော့ ဖိလစ်ပိုင်ကလပ် ceres negrosအသင်းက ရပ်တည်ထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အဆင့်၂နေရာနဲ့ အဆင့်၃နေရာကိုတော့ ထိုင်းကလပ်တွေဖြစ်ကြတဲ့ buriram unitedအသင်း muangthong unitedအသင်းတို့ အသီးသီးရပ်တည်ထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

photo credit : Yangon United Football Club 's facebook page
photo credit : Yangon United Football Club 's facebook page

ရန်ကုန်ယူနိုက်တတ်အသင်းဟာ AFC Cup 2020 ခြေစစ်ပွဲမှာတော့ ဘရူနိုင်းကလပ် အင်ဒရာအသင်းတို့ နှစ်ကျော့စလုံး အနိုင်ရရှိအောင် ခြေစွမ်းပြကစားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ MPT Myanmar National League 2020 ပြိုင်ပွဲမှာလည်း ရန်ကုန်ယူနိုက်တတ်အသင်းက နိုင်ပွဲတွေ ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။  

source: Yangon United Football Club 's facebook page 

photo credit : Yangon United Football Club 's facebook page
photo credit : Yangon United Football Club 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။