Khufra ကတော့ High Rank တွေမှာ Ban ခံရတဲ့ Tank တစ်ယောက်ဆိုလဲမမှားပါဘူး။ Grock နဲ့မကွာမခြားနားပါပဲ....Grock လဲ Tank လို့ပြောပေမဲ့ Fighter တွေနဲ့ ထုထောင်းနိုင်ပါတယ်။ Khufra ဟာဆိုရင်လဲ Tank ဆိုပေမဲ့ ကောင်းကောင်းကိုင်တက်ရင် Fighter ပဲဖြစ်ဖြစ် Marksman ပဲဖြစ်ဖြစ် ကြိုက်တဲ့ Role လာလာပါ ပြန်ခုတ်နိုင်ပါတယ်။ အဲ့လောက်ကြမ်းတဲ့ Hero ဖြစ်တာမို့ High Rank မှာ သူ့ကို Ban တက်ကြပါတယ်။ မ Ban ရင်တော့ သူပါတဲ့အသင်းဟာ နိုင်နိုင်ချေရှိပါတယ်။   

ဒါပေမဲ့လဲ ဒါဟာ ကိုင်တဲ့သူအပေါ်နဲ့ အသင်းပေါ်သာမူတည်ပါတယ်။ သူရဲ့ Skill 1 ကတော့ အားစုပြီးတော့ ကိုယ်သွားချင်တဲ့နေရာကို သွားလို့ရပါတယ်။ ကိုယ်ကပိုကြာကြာအားစုလေ သွားနိုင်တဲ့ပမဏကပိုဝေးပြီး ပိုပြီးတော့ Physical Damage ထိကာ ပိုပြီးတော့ Stun စေပါတယ်။ Skill 2 ကတော့ အလုံးပုံစံပြောင်းလိုက်ပြီး ရန်သူ Hero ကို Magical Damage ထိစေကာ ၄ချက်မြေကြီးနဲ့ထိပါတယ်။ ထိလိုက်တဲ့ချိန်တိုင်း ရန်သူဟာ နှေးသွားမှာဖြစ်ပြီး Flicker တွေလိုမျိုး ခုန်ဖြတ်တာတွေ Fanny ရဲ့ကြောက်မက်ဖွယ်ကောင်းတဲ့ ကြိုးတန်းတွေဟာ အသုံးမဝင်တော့ပါဘူး။   

သူရဲ့ Ultimate ကတော့ ရန်သူတွေကို သူရှေ့တည့်တည့်ကို စုလိုက်ကာ Physical Damage ထိစေပြီးနံရံနဲ့ထိပါကာ Stun စေမှာဖြစ်ပါတယ်။ Battle ထဲဝင်မယ့်ချိန်ဆိုရင်တော့ Skill 1 သုံး ပြီးရင် Ultimate ကိုနံရံနဲ့ထိအောင်သုံးပြီး Skill 2 သုံးပါ။ Passive ကတော့ ၇စက္ကန့်တိုင်းမှာရရှိမှာဖြစ်ပြီး ပစ်လိုက်တဲ့ချိန်တိုင်း Magic Damage ထိစေကာ ကိုယ်ကိုတိုင်လဲ သွေးပြန်ရပါတယ်။ 

သတင်းအရင်းမြစ် Devil Knight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။