MPT Myanmar National League 2020 အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၄) အပြီး အသင်းတိုင်းရဲ့ ရလဒ်များ နှင့် အမှတ်ပေးဇယား ရပ်တည်မှုကို ပရိသတ်တွေအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ ဒီပွဲစဉ် (၄) အပြီး အမှတ်ပေးဇယားရဲ့ ပထမနေရာမှာ ဟံသာဝတိယူနိုက်တက်အသင်းက ဆောက်သမ်းမြန်မာအသင်းကို (၅- ဝ) ဂိုးဖြင့် ဂိုပြတ်အနိုင်ရယူပြီး ထိပ်ဆုံးမှာရပ်တည်နေတာပဲဖြစ်ပါတယ်။ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရန်ကုန်ယူနိုက်တက်အသင်းဖြစ်ပြီး တတိယနေရာမှာတော့ ဧရာဝတီယူနိုက်တက်အသင်းက ရပ်တည်နေပါတယ်။

Photo Credit - Myanmar National League Facebook Page

ပွဲစဉ် (၄) တွင်ယှဉ်ပြိုင်ကစားခဲ့တဲ့ အသင်းတိုင်းရဲ့ ပွဲပြီးရလဒ်တွေကတော့ ဇွဲကပင်ယူနိုက်တက်အသင်း (ဝ-၀) မကွေးအသင်း ၊ ISPE အသင်း (၁-ဝ) ချင်းယူနိုက်တက်အသင်း ၊ ဧရာဝတီယူနိုက်တက်အသင်း (၁-ဝ) ရှမ်းယူနိုက်တက်အသင်း ၊ ရန်ကုန်ယူနိုက်တက်အသင်း (၂-ဝ) စစ်ကိုင်းယူနိုက်တက်အသင်း ၊ ဟံသာဝတီယူနိုက်တက်အသင်း (၅-ဝ) ဆောက်သမ်းမြန်မာအသင်း ၊ ရခိုင်ယူနိုက်တက်အသင်း (၁-ဝ) ရတနာပုံအသင်း တို့အသီးသီးယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲပြီးရလဒ်တွေပဲဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook Page

လက်ရှိချန်ပီယံအသင်း ဖြစ်တဲ့ ရှမ်းယူနိုက်တက်အသင်းကတော့ အမှတ်ပေးဇယားရဲ့ အဆင့် (၅)နေရာမှာရပ်တည်နေတာဖြစ်ပြီး ဆောက်သမ်းမြန်မာအသင်းက ရမှတ်မရရှိသဖြင့် အဆင့်၁၂ နေရာမှာရပ်တည်နေပါတယ်။ ကဲ့ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ MPT Myanmar National League 2020 အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၄) အပြီး အသင်းတိုင်း ရဲ့ ရလဒ် နှင့် အမှတ်ပေးဇယားရပ်တည်မှုတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit - Myanmar National League Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။