MPT Myanmar NationaL League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ ဖြစ်တဲ့ ပွဲစဉ်( ၄ ) အပြီးမှာတော့ ဂိုးသွင်းဘုရင် စာရင်းရဲ့ ထိပ်ဆုံးနေရာကို ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူး အီမန်နျူရယ်နဲ့ အတူ ဟံသာဝတီ ယူနိုက်တက် တိုက်စစ်မှူး အီမီကာတို့က ပူးတွဲဦးဆောင်နေပါတယ်။အီမီကာဟာ ခုတစ်ပတ် ဆောက်သမ်းမြန်မာအသင်းနဲ့ ပွဲစဉ်မှာ ဟက်ထရစ် ရယူနိုင်ခဲ့တာကြောင့် ခုရာသီ MPT မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲရဲ့ ပထမဆုံး ဟက်ထရစ်ရှင်လည်း ဖြစ်လာခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook Page
Photo Credit - Myanmar National League Facebook Page

အဖွင့်ပွဲစဉ် ၃ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တဲ့ ကစားသမားတွေ ဖြစ်တဲ့ ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူး အီမန်နျူရယ်နဲ့ ချင်းယူနိုက်တက် တောင်ပံကစားသမား ကျော်မင်းသန်းတို့ရဲ့ ဂိုးသွင်းစံချိန်ဟာ ဒီတစ်ပတ်မှာတော့ ရပ်တန့်သွားခဲ့ရပြီး ဟံသာဝတီရဲ့ နောက်ထပ် တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ဒေါ်နယ်ဘစ်ဆာကတော့ ပွဲစဉ် ၂ က စတင်လို့ ခုတစ်ပတ်ထိ သုံးပွဲဆက် ဂိုးသွင်းနိုင်ခဲ့ကာ သွင်းဂိုး ၄ ဂိုးထိ ရယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook Page
Photo Credit - Myanmar National League Facebook Page

ထူးခြားမှု တစ်ရပ်ကတော့ ခုတစ်ပတ် ကျင်းပခဲ့တဲ့ ပွဲစဉ် ၄ ဟာ ကျင်းပပြီးစီးခဲ့တဲ့ ပွဲစဉ် ၄ ခုထဲမှာ သွင်းဂိုး အနည်းဆုံး ရက်သတ္တပတ် တစ်ခု ဖြစ်ခဲ့ပြီး ပွဲ ၆ ပွဲမှာ စုစုပေါင်း သွင်းဂိုး ၁၀ ဂိုးသာ သွင်းယူ နိုင်ခဲ့ကြကာ အဲဒီအထဲက ၅ ဂိုးက ဟံသာဝတီ ၅−၀ ဆောက်သမ်းမြန်မာ ပွဲမှာ သွင်းယူခဲ့ကြတာ ဖြစ်ပါတယ်။ကဲ့ချစ်ပရိသတ်ကြီးရေ ယခုတစ်ခါမှာတော့ အီမီကာဟာ ခုတစ်ပတ် ဆောက်သမ်းမြန်မာအသင်းနဲ့ ပွဲစဉ်မှာ ဟက်ထရစ် ရယူနိုင်ခဲ့တာကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit - Myanmar National League Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။