ဖေဖော်ဝါရီလ ၃ရက်နေ့မှာကျင်းပပြုလုပ်တဲ့ MPT Myanmar National League (U-19) 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်တစ်ပွဲအဖြစ် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယနေ့ ညနေ သုံးနာရီခွဲက YUSC ကွင်းတွင် ကစားခဲ့ကြပါတယ်။ ယင်းပွဲစဉ်မှာတော့ ရှမ်းယူနိုက်တက်လူငယ်အသင်းမှ ရန်ကုန်ယူနိုက်တက်လူငယ်အသင်းကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။
ရှမ်းအသင်းအတွက်ပွဲချိန် ၄ မိနစ်တွင် ခွန်အောင်နိုင်မှ အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး ရန်ကုန်အသင်းအတွက် ချေပဂိုးကို ပွဲချိန် ၃၁ မိနစ်တွင် သန်းတိုးအောင်မှသွင်းယူပေးခဲ့သဖြင့် ပထမပိုင်း သရေရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။ဒုတိယပိုင်းစပြီး ပွဲချိန် ၄၉ မိနစ်တွင် ရှမ်းအသင်းအတွက် ဒုတိယဦးဆောင်ဂိုးကို ထူးထူးနောင်က ပြစ်ဒဏ်ဘောမှတစ်ဆင့် တိုက်ရိုက်သွင်းယူခဲ့ပါတယ်။
မိနစ် ၉ဝ ပြည့်ပြီးနာကျင်အချိန်ပို ၂မိနစ်ရောက်တွင်အေးမင်းသူမှ ရှမ်းအသင်းတွက်တတိယဂိုး သွင်းယူနိုင်ခဲ့၍ သုံး ဂိုးတစ်ဂိုးဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ရှမ်းယူနိုက်တက်အသင်းကတော့အကောင်းဆုံးယှဉ်ပြိုင်ကစားခဲ့ပြီး ပွဲချိန်တစ်လျှောက်နှစ်သင်းလုံးက ပြိုင်ဆိုင်မှုတွေကလည်း ပြင်းထန်စွာ ယှဉ်ပြိုင်ကစားခဲ့ကြတာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ရှမ်းယူနိုက်တက်အသင်းကတော့ ရန်ကုန်ယူနိုက်တက်အသင်းကို အနိုင်ရယူပြီး ရမှတ် ၃မှတ်ကို ရရှိခဲ့ပြီးလည်းဖြစ်ပါတယ်။
Photo Credit - Myanmar National League Facebook page
Source - Myanmar National League Facebook page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။