၂၀၂၀ အိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ တတိယအဆင့် အုပ်စု (က) အဖွင့်ပွဲစဉ်အဖြစ်  ယှဉ်ပြိုင်ကစားခဲ့သည့်မြန်မာအသင်းနှင့် အိမ်ရှင်တောင်ကိုရီးယားအသင်းတို့ ပွဲစဉ်တွင် တောင်ကိုရီးယားအသင်းက (၇-ဝ) ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ကိုရီးယားစံတော်ချိန် ည ၇နာရီ၊ အပူချိန် ၆ ဒီဂရီအောက်တွင် ယှဉ်ပြိုင်ခဲ့ကြသည့် ယခုပွဲစဉ်တွင် မြန်မာအသင်းအနေဖြင့် တောင်ကိုရီးယားအသင်း၏ ဖိအားပေးမှုကို ပွဲချိန်ပြည့် နီးပါး ခံစားခဲ့ရပါတယ်။

Photo Credit - Myanmar Football Federation Facebook Page
Photo Credit - Myanmar Football Federation Facebook Page

ပွဲချိန် ၅မိနစ်တွင် မြန်မာအသင်း ပင်နယ်တီဧရိယာအတွင်း ဖြတ်ထုတ်မှုကြောင့် တောင်ကိုရီးယားအသင်း ပင်နယ်တီရရှိခဲ့ပြီး အဆိုပါ ပင်နယ်တီကို တိုက်စစ်မှူး Ji Soyun အမှားအယွင်းမရှိကန်သွင်းကာတောင်ကိုရီးယားအသင်း အဖွင့်ဂိုးရရှိခဲ့ပါတယ်။ ထိုနောက် ပွဲချိန် ၃၇မိနစ်တွင် ကိုရီးယားကွင်းလယ်ကစားသမား Lee Sodam ဒုတိယမြောက်သွင်းဂိုးကို သွင်းယူခဲ့ပြီး ပထမပိုင်း ပြီးဆုံးချိန်တွင် တောင်ကိုရီးယားအသင်းက မြန်မာအသင်းကို ၂-၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပါယ်။ဒုတိယပိုင်းတွင် မြန်မာအသင်းဘက်သို့ တောင်ကိုရီးယားအသင်း ဆက်တိုက်ဆိုသလို တိုက်စစ်ဆင်မှုများ ပြုလုပ်ခဲ့ကာ ပွဲချိန် ၅၂မိနစ်၊ ပွဲချိန် ၅၃မိနစ်တွင် ဆက်တိုက်ဆိုသလို ဂိုးများခွင့်ပြုခဲ့ရပါတယ်။

Photo Credit - Myanmar Football Federation Facebook Page
Photo Credit - Myanmar Football Federation Facebook Page

ပွဲချိန် ၇၀မိနစ်၊ ၈၀မိနစ် နှင့် ၈၈မိနစ်များတွင်လည်း သွင်းဂိုးများ ထပ်မံခွင့်ပြုခဲ့ရပြီး ပွဲပြီးဆုံးချိန်တွင် မြန်မာအသင်းက တောင်ကိုရီးယားအသင်းကို (၇-ဝ) ဂိုးရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။အိုလံပစ်ခြေစစ်ပွဲ တတိယအဆင့်ပွဲစဉ်များကိုယှဉ်ပြိုင်ကစားခဲ့ပြီး အုပ်စု(က) အဖွင့်ပွဲစဉ်တွင် တောင်ကိုရီးယားအသင်းက မြန်မာအသင်းကို (၇-ဝ)ဂိုးဖြင့် အနိုင်ရလဒ် ရရှိခဲ့ပြီး အုပ်စု(ခ) အဖွင့်ပွဲစဉ်တွင် ထိုင်းအသင်းက တရုတ်တိုင်ပေအသင်းကို (၁-ဝ) ဂိုးဖြင့် အရေးနိမ့်ခဲ့ရပါတယ်။မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေဖြင့် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဗီယက်နမ်အသင်းနှင့် ဖေဖော်ဝါရီ ၆ရက် မြန်မာစံတော်ချိန် ညနေ ၄နာရီ ၃၀မိနစ်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပါတယ်။

Photo Credit - Myanmar Football Federation Facebook Page
Photo Credit - Myanmar Football Federation Facebook Page

Source & Photo Credit - Myanmar Football Federation Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။