ပရလောက နှင့် သိပ္ပံသဘောတရားကို ဆက်စပ်ပြီး လေ့လာကြည့်တဲ့အခါမှာ dimension နဲ့ ပတ်သက်ပြီး ထူးခြားဆန်းပြားမှုတွေကို ထပ်မံ တွေ့ရှိခဲ့ပါတယ်။ အဲ့ဒါကတော့ ဒိုင်မင်းရှင်းကို ကျုံ့အောင် လုပ်နိုင်ရင် ဒိုင်မင်ရှင်း ကွာခြားမှုကြောင့် မမြင်နိုင်သော အရာတွေကို မြင်တွေ့ရလောက်တယ်လို့ ဆိုပါတယ်။ အဲ့ဒီအကြောင်းအရာကို ဥပမာ သဘောတရားတွေနဲ့ တင်ဆက်ပေးသွားမှာ ဖြစ်တာကြောင့် ဆက်လက် ဖတ်ရှု သွားပါဦးနော်။

photo credit pngtree

ဒိုင်မင်းရှင်းကို ကျုံ့ အောင်လုပ်နိုင်လျှင် သာမာန် မျက်စိဖြင့် မမြင်နိုင်သော အရာတွေကို မြင်နိုင်ကြောင်း ပညာရှင်တွေက ဆိုပါတယ်။ ဥပမာအားဖြင့် စက္ကူ တစ်ရွက်ရဲ့ ထိပ် တစ်ဘက်စီမှာ အပေါက် တစ်ပေါက်စီကို ဖောက်ထားလိုက်ပါတယ်။ ပုံမှန်အနေအထားရ ကြည့်မယ်ဆိုရင် ထိုအပေါက်တို့ဟယ စက္ကူ တစ်ရွက်စာ ကွာဝေးကြမှာ ဖြစ်သော်လည်း စက္ကူကိုခေါက်ကာ အပေါက်နှစ်ပေါက်ကို ထပ်လိုက်ပါက ထိုအပေါက်နှစ်ပေါက်ရဲ့ အကွာ အဝေးဟာ မရှိတော့ပဲ သုည ဖြစ်သွားမှာ ဖြစ်ပါတယ်။

photo credit pngtree

အဲ့လိုနည်းလမ်းဖြင့် ဒိုင်မင်းရှင်းကို ခေါက်လို့ ရနိုင်မလားလို့ ပညာရှင်တို့က သုံးသပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ ဒိုင်မင်းရှင်း ကွာခြားမှုကြောင့် မမြင်နိုင်သော အရာများကို ဒိုင်မင်းရှင်းကို ခေါက်ခြင်း၊ ကျုံ့လိုက်ခြင်းဖြင့် မြင်ရနိုင်မလားဆိုတာ စဉ်းစားတွေးတော စရာတွေ ဖြစ်ခဲ့ပါတယ်။ သာမာန်မျက်စိဖြင့် မမြင်ရရုံနဲ့ လောကတွင် ပရလောက သားများ မရှိနိုင်ဘူးလို့ တစ်ထစ်ချ သတ်မှတ်လို့ မရပါဘူး။ အခုဖော်ပြပေးသွားခဲ့တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ပရိသတ်တို့ရဲ့ ထင်မြင်ယူဆချက်တွေကိုလည်း ment ပေးသွားလို့ရပါတယ်နော်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။