MPT ဲမြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင်အသင်းတစ်သင်းဖြစ်တဲ့ ရန်ကုန်ယူနိုက်တက်အသင်းကတော့ ယခုကျင်းပပြုလုပ်နေတဲ့ ၂၀၂၀ အမှတ်ပေးဘောလုံးပြိုင်ပွဲမှာတော့ အကောင်းဆုံးခြေစွမ်းတွေပြသထားနိုင်ပြီး ရလဒ်ကောင်းတွေရရှိအောင် ယှဉ်ပြိုင်ကစားနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့၂၀၀၉ ခုနှစ်မှစတင်ပြီး အသုံးပြုခဲ့တဲ့ ရန်ကုန်ယူနိုက်တက်အသင်း အမှတ်တံဆိပ်ဖြစ်တဲ့ Logo ကို အသင်းရဲ့ ၁၀ နှစ်ပြည့်မှာ ပြောင်းလဲအသုံးခဲ့တာ ပရိသတ်များ သိရှိပြီးဖြစ်ပါတယ်။

Photo Credit – Yangon United FC Facebook Page
Photo Credit – Yangon United FC Facebook Page

အသင်းရဲ့ အဓိကအမှတ်အသားဖြစ်တဲ့ Logo ကို ပြန်လည်ရေးဆွဲရာမှာ ပြောင်းလဲလာတဲ့ခေတ်နဲ့အညီ ပုံဖော်ထားပြီး ခြင်္သေ့တစ်ကောင်ရဲ့ အားမာန်အပြည့်နဲ့ ဟိန်းဟောက် မာန်ဖီနေတဲ့ပုံစံကို စံထား ရေးဆွဲခဲ့တာဖြစ်ပါတယ်။ယခု ပြန်လည်ပုံဖော်ထားတဲ့ ရန်ကုန်ယူနိုက်တက်အသင်း အမှတ်အသား Logo နဲ့အတူ ဒီထက်မက ပိုမိုအောင်မြင်တဲ့အသင်းဖြစ်ဖို့ရာအတွက် ပရိသတ်များရဲ့ အားပေးမှုတွေခြံရံပြီး ထုဆစ်ပုံဖော်လျက်ရှိပါတယ်။

Photo Credit – Yangon United FC Facebook Page
Photo Credit – Yangon United FC Facebook Page

အဆိုပါ ပြောင်မြောက်လှတဲ့ ဒီဇိုင်းလက်ရာကို ALL We Need Studio ကနေပြီးတော့ အကောင်းဆုံးဖန်တီးပေးခဲ့ပြီး ယခုနှစ်မှာ ဝတ်ဆင်လျက်ရှိတဲ့ ရန်ကုန်ယူနိုက်တက်အသင်း အိမ်ကွင်း၊ အဝေးကွင်းဂျာစီတွေကိုလည်း အဆိုပါ ဒီဇိုင်းအဖွဲ့မှ ရေးဆွဲပေးခဲ့တာပဲဖြစ်ပါတယ်။ ကဲ့ချစ်ပရိသတ်ကြီးရေ ယခုတစ်ခါမှာတော့ ရန်ကုန်ယူနိုက်တက်အသင်း ရဲ့ Logo ပတ်သက်ပြီး အသုံးပြုတာလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit – Yangon United FC Facebook Page
Photo Credit – Yangon United FC Facebook Page

Source & Photo Credit - Yangon United FC Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။