ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ပင်လယ်သမုဒ္ဒရာ ရေမျက်နှာပြင်အောက်မှာ ရှာဖွေတွေ့ရှိခဲ့ကြတဲ့ ထူးခြားဆန်းပြား အရာတွေထဲကမှ တစ်ခုဖြစ်တဲ့ Lazarus fish အကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသား ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှု၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို အချိန်နဲ့ တပြေးညီ တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။
Lazarus fish ငါးတွေဟာ အရမ်းထူးဆန်းတဲ့ ရှေးဟောင်း ရေနေသတ္တဝါ အမျိုးအစားတွေထဲက တစ်ခုဖြစ်တယ်ပါတယ်။ လွန်ခဲ့သော နှစ်ပေါင်း ၆၅ သန်းလောက်က မျိုးတုန်းပျောက်ကွယ်သွားပြီလို့ ယုံကြည်ထားခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့လို ပျောက်ကွယ်သွားပြီလို့ ယူဆရလောက်တဲ့ ငါးများကို ၁၉၃၈ ခုနှစ်တွင် ပြန်လည် ရှာဖွေတွေ့ရှိခဲ့တာဟာ ဝမ်းသာစရာ သတင်းကောင်းတစ်ခုလို့ ဆိုရမှာပါ။ အဏ္ဏဝါ ဇီဝဗေဒ ပညာရှင်တစ်ဦးက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ထိုပညာရှင်က အာဖရိကကမ်းလွန်ဒေသတွင် ငါးဖမ်းသမား တစ်ဦးနှင့် လိုက်ပါလာစဉ် ငါးဖမ်းပိုက်ထဲမှာ မိနေတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲ့လို ငါးအမျိုးအစား ဒုတိယ တစ်ကောင်ကိုတော့ အင်ဒိုနီးရှားနိုင်ငံမှာ ထပ်မံတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့လိုတွေ့ရှိခဲ့တဲ့ ငါးမျိုးစိတ်ဟာ နှစ်ပေါင်းသန်းနဲ့ချီကတည်းက မူလမျိုးရိုးဗီဇမှ ပျောက်ကွယ်ခဲ့ကြောင်း လေ့လာသိရှိခဲ့တာ ဖြစ်ပါတယ်။ ထိုငါးမျိုးစိတ်တွေဟာ စားလို့မရသော ငါးမျိုးစိတ်ဖြစ်တာကြောင့် ပင်လယ် အနက်ပိုင်းမှ ဖမ်းဆီးရမိတာတောင် ငါးပြတိုက်သို့ ပို့ရန်သာ ရှိပါတယ်။
source မောင် သာ ရှေးဟောင်းသုတေသန
photo credit pngtree
သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။