ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ အာကာသ စကြာဝဋ္ဌာ၊ ကြယ်နက္ခတ်တာ တို့နဲ့ပတ်သက်ပြီး စိတ်ဝင်တစား ဖတ်ရှုလေ့လာသူတွေအတွက် ပိုပြီးကြိုက်နှစ်သက်စေမယ့် "Dirty snow ball" ကြယ်တံခွန်ဆင်းသက်ခြင်းအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် ရေးသားဖော်ပြပေးသွားမှာပါ။ လတ်တလော အနုပညာလှုပ်ရှားမှု၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit Once A Glance page

ကြယ်တံခွန် "Dirty snow ball" ဆိုတာကတော့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာ ကတည်းက တည်ရှိခဲ့တာ ဖြစ်ပါတယ်။ ထိုကြယ်တံခွန်တွေဟာ အခြေအနေ အမျိုးမျိုးကြောင့် "နေ" ဖြစ်ခွင့် (သို့မဟုတ်) "ဂြိုလ်" ဖြစ်ခွင့်မရရှိခဲ့သော နျူကလိယ ပါဝင်တဲ့ ကျောက်တုံးပုံ အဆိုင်အခဲကြီးတွေပဲ ဖြစ်ပါတယ်။ အဲ့ဆိုင်ခဲကြီးတွေရဲ့ လှပသော ရောင်စဉ်ဖြာထွက်မှုကို ကောင်းကင်မှာ မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ဘယ်လိုကြောင့် အဲ့လို ဖြစ်သလဲဆိုတာကို ဆက်လက်ဖတ်ရှုသွားပါဦးနော်။

photo credit Once A Glance page

ကြယ်တံခွန်များရဲ့ အပေါ်ယံ အလွှာမှာ လွန်စွာ ကျစ်လစ်အေးခဲနေသော ရေခဲအလွှာပါရှိနေပါတယ်။ နေအဖွဲ့အစည်းတွင်ရှိနေသော ကြယ်တံခွန်များဟာ သူတိုရဲ့ ပါတ်လမ်းအတိုင်း အခါအားလျော်စွာ နေသို့ချဉ်းကပ်ကြတာ ဖြစ်ပါတယ်။ အဲ့လိုချဉ်းကပ်နေစဉ်အတွင်း နေရဲ့ အပူချိန် မှုတ်ထုတ်မှု အရှိန်ကြောင့် ကြယ်တံခွန် အပေါ်ယံ ရေခဲလွှာဟာ အနည်းငယ် အရည်ပျော်သွားကာ ရေခဲ အမှုန်အမွှားလေးများ လွင့်မျောနေမှုကြောင့် ကြယ်တံခွန် အမှီးတန်းကို နေရဲ့ ရောင်ပြန်ဟပ်မှုတွင် လှပစွာ မြင်တွေ့နေရတာ ဖြစ်ပါတယ်။

source Once A Glance Page

photo credit Once A Glance page

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။