လူသားတွေရဲ့ တစ်ဘဝတာ အသက်ရှင်သန်နေထိုင်မှုမှာ အိပ်ချိန်ကဏ္ဍက သုံးပုံတစ်ပုံ ပါဝင်နေတာ ဖြစ်ပါတယ်။ အဲ့လို လူ့သက်တမ်းရဲ့ ထက်ဝက်နီးပါးလောက်ရှိတဲ့ အိပ်ချိန်တွေမှာ ကောင်းသော အိပ်မက်တွေနဲ့ တစ်ညတာ ကုန်ဆုံးသွားတာဖြစ်သလို၊ ဆိုးသော အိမ်မက်တွေနဲ့လည်း မကြာခဏ ဆိုသလို ကြုံတွေ့ကြတာ ဖြစ်ပါတယ်။ ကောင်းတဲ့ အိမ်မက်ဆို လူတိုင်းမက်ချင်ကြပေမယ့် အိမ်မက်ဆိုးကိုတော့ ဘယ်သူမဆို ကျော်လွှားချင်မှာကြပါ။ ဒါကြောင့်မလို့ ကျော်လွှားလို့ရမယ့် နည်းလမ်းကောင်းတွေကို အကြံဉာဏ်ပေးတဲ့ အနေနဲ့ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

photo credit pngtree

အိမ်မက်တွေနဲ့ ပတ်သက်တဲ့ ယူဆချက်အမျိုးမျိုးကို ပရိသတ်တွေ အားလုံးပဲ သိရှိကြပြီးဖြစ်မှာပါ။ အချို့ကတော့ အိမ်မက် မက်ခဲ့တာတွေက အပြင်လက်တွေ့မှာ တစ်ကယ်ဖြစ်သလို ပြောင်းပြန်ကောက်ဖို့ ပြောတဲ့သူတွေလည်း ရှိကြပါတယ်။ အိမ်မက်တွေနဲ့ပတ်သက်ပြီး ရိုက်ကူးခဲ့တဲ့ ကမ္ဘာကျော် ရုပ်ရှင်ကားတွေမှာလည်း စဉ်းစားတွေးတောမှတ်ယူစရာ ဒဿနအချက်အလက်တွေ များစွာပါဝင်နေတာ ဖြစ်ပါတယ်။ ဥပမာ (Inception၊ Paprika) လို ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။

photo credit pngtree

အိမ်မက်ဆိုးတွေ ကျော်လွှားဖို့ဆိုတဲ့ ကိစ္စမှာ မအိပ်ခင် မိမိလုပ်ခဲ့တဲ့ အကြောင်းအရာတွေနဲ့လည်း သက်ဆိုင်နေတာ ဖြစ်ပါတယ်။ ဥပမာ ကိုယ်က ညမအိပ်ခင် ဆက်ကြားလေးမှာ သည်းထိပ်ရင်ဖို ခြောက်ခြားစရာကောင်းတဲ့ horror movies အမျိုးအစားကို ကြည့်လိုက်မိတယ်ဆိုရင် အဲ့ဒီရဲ့ ခံစားမှု အရှိန်က မိမိရဲ့ အိပ်မက်ထဲထိ သက်ရောက်နိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် အိပ်တဲ့ပုံစံ မှားယွင်းနေတာကြောင့် ဘီလူးစီးတယ်ဆိုပြီး လူသိများတဲ့ အိမ်မက်ဆိုးလည်း မက်နိုင်ပါတယ်။ အမှန်တော့ ဘီလူးစီးတယ်ဆိုတာက "Sleep paralysis" လို့ခေါ်တဲ့ ပက်လက်အိပ်တဲ့အခါမှာ ခန္ဓာကိုယ်အနေအထားကြောင့် အသက်ရှူလမ်းကြောင်းပိတ်ပြီး လေသိပ်မဝင်တော့တဲ့အခါ ဖြစ်တတ်တဲ့အရာပါ။ ဒါကြောင့်မလို့ မအိပ်ခင် အချိန်လေးမှာ စိတ်ကို ကြည်လင်လန်းဆန်းစေတဲ့ piano တေးသံ အေးအေးလေး နားထောင်တာမျိုး၊ ခြေလက်သန့်စင်ပြီး အိပ်တာမျိုး၊ ခန္ဓာကိုယ် သက်သောင့်သက်သာရှိစေတဲ့ ပုံစံမျိုးနဲ့ အိပ်စက်အနားယူတာကို ပြုလုပ်ခြင်းဖြင့် ဘယ်သူမှ မလိုချင်တဲ့ အိမ်မက်ဆိုးတွေကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။  

photo credit pngtree

သတင်းအရင်းမြစ် Mg Thit Sar

မည်သည့်တစ်စုံတစ်ဦးကိုမျှ ထိခိုက်စေလိုခြင်းမရှိဘဲ အများအကျိုးစီးပွားရေးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။