ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာ့အင်းအားအပြင်းဆုံး လှုပ်ခတ်ခဲ့သော ငလျင်များထဲတွင် တစ်ခုအပါဝင်ဖြစ်တဲ့ ချီလီ ဘိုင်အို ဘိုင်အို ငလျင် အကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြ ပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလောအနုပညာလှုပ်ရှားမှု၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို အချိန်နဲ့ တပြေးညီ တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit Wikipedia

၂၀၁၀၊ ဖေဖော်ဝါရီ၊ ၂၇ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ ချီလီ ဘိုင်အို ဘိုင်အို ငလျင်ကြီးဟာ ပြင်းအား ၈.၈ ရှိတာ ဖြစ်ပါတယ်။ ချီလီနိုင်ငံ ကွန်ဆက်ပ်ရှင်း ဒေသဟာ ၁၆ ရာစုမှ စတင်၍ ငလျင် ဗဟိုချက် နေရာ တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် အဲ့နေ့ မနက်ပိုင်းမှာ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပစိဖိတ်ဆူနာမီ ရေလှိုင်းများအကြား လူပေါင်း ၅၂၁ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ တစ်ကယ့်ကို အသေအပျောက်များခဲ့တဲ့ ငလျင်လှုပ်ခတ်မှုကြီးလို့ ပြောရမှာ ဖြစ်ပါတယ်။ 

photo credit Wikipedia

ဒါ့အပြင် အဲ့ဝမ်းနည်းကြောက်မက်ဖွယ် ကောင်းတဲ့ ငလျင်ကြီးကြောင့် လူပေါင်း ၁၂၀၀၀ ကျော် အနာတရ ဖြစ်ခဲ့ကြကာ လူရှစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရတာ ဖြစ်ပါတယ်။ ချီလီနိုင်ငံမှာ ဘေးဒုက္ခများ ချာချာလည်နေတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်ကာ ၂၀၁၀ ခုနှစ်ကုန်အထိ သဘာဝ ဘေးအန္တရာယ်များကြောင့် ဒေါ်လာ ၃၀ ဘီလီယံကျော်ခန့် ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ နောင်လည်း သိမှတ်စရာ အကြောင်းအရာ အဖြစ်အပျက်တွေကို တင်ဆက်ပေးသွားမှာမလို့ စောင့်မျှော်အားပေးကြပါဦးနော်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit Wikipedia

photo credit Wikipedia
photo credit Wikipedia

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။