"Last Meal" ဆိုတာဟာ သေဒဏ်အမိန့်ချခံထားရတဲ့ ရာဇဝတ်သားများရရှိသော သူ့ဘဝရဲ့ နောက်ဆုံးအခွင့်အရေး တစ်ခုလို့ ဆိုရမှာ ဖြစ်ပါတယ်။ နိုင်ငံတိုင်းနီးပါးတွင် သေမိန့်ကျထားတဲ့ အကျဉ်းသားတစ်ဦးက သေဒဏ်မစီရင်မီ တစ်ရက် အလိုမှာ သူ့ရဲ့ ဆန္ဒအတိုင်း နောက်ဆုံးညစာနှင့် ဘာသာရေး ကျင့်ဝတ်တစ်ခုကို တောင်းဆိုခွင့်ရှိပါတယ်။ အဲ့လိုတောင်းဆိုမှုတွေထဲကမှ ကမ္ဘာကျော် သေမိန့်ကျ ရာဇဝတ်သားများ နောက်ဆုံးတောင်းဆိုခဲ့တဲ့ အရာတွေကို ဗဟုသုတ အနေနဲ့ မှတ်သားသိရှိရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Adolf Eichmann
photo credit pngtree

၁၉၆၂ ခုနှစ်က ဒုတိယကမ္ဘာစစ် ရာဇဝတ်သား ဂျာမနီလူမျိုး အဒေါ့အိုက်ခမန်း(AdolfEichmann)ကို အစ္စရေး နိုင်ငံတွင် ကြိုးမိန့်ပေးခဲ့ရာ နောက်ဆုံးအစာကို ငြင်းပယ်ခဲ့ပြီး အစ္စရေး ဝိုင်အရက်ကိုသာ တစ်ဝက်နီးပါး သောက်သွားခဲ့တာ ဖြစ်ပါတယ်။ ၁၉၃၁ ခုနှစ်က ဂျာမနီနိုင်ငံတွင် ခေါင်းဖြတ်စက်ဖြင့် ခေါင်းဖြတ်ကာ သေဒဏ်ချမှတ်ခံရသူ (Peter Kurten) ဟာ "သွေးစုတ်ဖုတ်ကောင်"လို့လည်း နာမည်ကြီးခဲ့ပြီး အာလူးကျော်နှင့် ဝိုင်ဖြူ တစ်ပုလင်းကို တောင်းခံခဲ့တာ ဖြစ်ပါတယ်။

Peter Kurten
photo credit pngtree

စင်္ကာပူမှ လူသတ်တရားခံ "John Martin Scripps" ဟာ ၂၀၀၆ ခုနှစ်က ကြိုးစင် မတက်မီ ပီဇာတစ်ခုနှင့် ချောကလက်ပူပူ တစ်ခွက်တို့ကို စားသောက်သွားခဲ့ပါတယ်။ အမေရိကန်နိုင်ငံ အောကလာဟိုမားတွင် အကြမ်းဖက် ဗုံးခွဲမှုကြောင့် သေဒဏ်ကျခဲ့သော "Timothy Mc Veigh" အား ၂၀၀၁ ခုနှစ်က ဆေးထိုး စီရင်ခဲ့ရာတွင် ပရုတ်ချောကလက် ရေခဲမုန့်ချောင်း ၂ ပိုင့်ကိုသာ စားသွားခဲ့တာ ဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree  

John Martin Scripps
photo credit pngtree
Timothy Mc Veigh
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။