ကမ္ဘာတစ်လွှား ထူးခြားဆန်းပြား အားကစားနည်းများထဲမှာ တစ်ခုအပါအဝင်လို့ ပြောရလို့ရတဲ့ "Canoe polo" ကစားနည်းအကြောင်းကို ဗဟုသုတအနေနဲ့ မှတ်သားသိရှိရအောင် ရေးသား ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ World sports နဲ့ ပတ်သက်ပြီး စိတ်ဝင်စားတဲ့ ပရိသတ်တွေက ပိုပြီးနှစ်သက်ကြမှာ ဖြစ်ပါတယ်။ ကနိုးလှေလှော်ခတ်ယှဉ်ပြိုင်တဲ့ အားကစားနည်းစနစ်တစ်ခုဖြစ်ပြီး စိတ်ဝင်စားကြသူများက ပိုလိုဟုပင် ရိုးရှင်းစွာ ခေါ်ဆိုကြတဲ့အပြင် ကရတ်ပိုလို လို့ခေါ်လည်း မမှားပါဘူးနော်။

photo credit pngtree

ထိုအားကစားနည်းဟာ ကနိုး လှေလှော်ခတ်ခြင်းနှင့် ဘောလုံးကျွမ်းကျင်မှုကို ပေါင်းစပ်ထားတဲ့ ကစားနည်းတစ်မျိုးဖြစ်ပါတယ်။ ဘောလုံးကစားနည်းနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာကြောင့် team work အပြည့်ရှိရမှာဖြစ်ပြီး စိတ်လှုပ်ရှားစရာ ရေပြင်ပေါ်က ယှဉ်ပြိုင်မှု တစ်ခုလို့ဆိုရမှာပါ။ ကရတ်ပိုလို ကစားနည်းမှာ အရေးကြီးတဲ့ အချက်တွေကတော့ လှေလှော်ခတ် ကျွမ်းကျင်မှု၊ နည်းစနစ်ကျကျ ဘောလုံးကစားတတ်ဖို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အားကစားသမား တစ်ဦးချင်းစီရဲ့ လျင်မြန်မှုနှင့် ကျန်းမာကြံ့ခိုင်မှုများကလည်း အဓိက အရေးပါတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

photo credit pngtree

ပြိုင်ပွဲဝင် ကနိုးလှေများကို "ပိုလို" အားကစားအတွက် သီးသန့် ထုတ်လုပ်ထားကာ ရိုးရိုး ကရတ်လှေများထက် လျင်မြန် ပေါ့ပါးစေရန် ပြုလုပ်ထားတာကြောင့် ပြိုင်ပွဲများတွင် အလွယ်တကူ လှော်ခတ် ယှဉ်ပြိုင်နိုင်တာ ဖြစ်ပါတယ်။ လှော်တက်များဟာ အလွန်ပေါ့ပါးပြီး ဆွဲအားကောင်းရန်နှင့် ဘောလုံးကို ထိန်းချုပ်ထားနိုင်ရန် ဒီဇိုင်းပြုလုပ် ဖန်တီးထားတာ ဖြစ်ပါတယ်။ ကရတ်ပိုလို ပြိုင်ပွဲများကို နိုင်ငံ အများအပြားတွင် အပျော်တမ်းကစားကြသလို အနိုင်အရှုံးသတ်မှတ်ပြီး ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲများ အဖြစ်လည်း ကျင်းပလေ့ရှိပါတယ်။ ကမ္ဘာ့အဆင့် ကရတ်ပိုလို ချန်ပီယံပြိုင်ပွဲကို (၂) နှစ်လျှင် တစ်ကြိမ်ကျင်းပလေ့ရှိကာ ဥရောပ၊ အာရှ၊ အာဖရိက၊ မြောက်အမေရိက၊ တောင်အမေရိက ချန်ပီယံပွဲများကိုတော့ ကမ္ဘာ့ချန်ပီယံပွဲ မကျင်းပတဲ့ နှစ်များတွင် ကျင်းပကြတာ ဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။