ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်လွှားမှာရှိတဲ့ အရှင်စားခံနေရသော သတ္တဝါများအကြောင်းကို ရွေးချယ်ထားပြီး အဲ့ထဲကမှ ဂျပန်နိုင်ငံမှာ ငါးရှဉ့်အရှင်များ စားသုံးကြတဲ့ အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သား သိရှိရအောင် ရေးသား ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှု သတင်း၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

ကမ္ဘာကျော် စားဖိုမှူး ရေမွန် ဘလန့်ဟာ ဂျပန်နိုင်ငံမှာ နေထိုင်ခဲ့တုန်းက ငါးရှဉ့်များကို အရှင်အတိုင်းစားခဲ့တယ်လို့ ဆိုပါတယ်။ ငါးရှဉ့်များအား ရှာလကာရည်နှင့် ဂျပန်ဆာကေးအရက်ရောကာ စားသုံးရန် အကြံပြုခဲ့ကြတယ်လို့ သူက ပြောပြခဲ့ပါတယ်။ ငါးရှဉ့်များဟာ ရှာလကာရည်နှင့် ထိ၍ ခုန်ကြွလာတဲ့အခါမှာ အက်ဒ်ဝပ် အာချီဘောက အရှင်အတိုင်းမျိုချစားသောက်ခဲ့တာ ဖြစ်ပါတယ်။ အာရှနိုင်ငံများဖြစ်တဲ့ တရုတ် ၊ဂျပန် ဗီယက်နမ်တို့မှာ အစားအစာများကို အရသာထူးကဲအောင် ချက်ပြုတ်စားသောက် တတ်ကြသော်လည်း အရှင်လတ်လတ်စားတဲ့ နိုင်ငံများထဲတွင်လည်း ပါဝင်နေကြပါတယ်။

photo credit pngtree

လူသားများဟာ မိမိတို့ နာမည်ကြီးလိုမှု၊ ဝင်ငွေရရှိလိုမှု၊ အထူးအဆန်း လုပ်ပြလိုမှု၊ လူအထင်ကြီးစေလိုမှု အစရှိတဲ့ အကြောင်း အမျိုးမျိုးအပြင် လျှာအရသာခံလို မှုများကြောင့် သတ္တဝါများအား အရှင်လတ်လတ် စားသုံးနေကြခြင်းဟာ ထူးခြား အံ့သြဖွယ် ကိစ္စတစ်ခု ဖြစ်သော်လည်း ရွံ့ရှာဖွယ် ကိစ္စတစ်ခုလို့လည်း ဆိုရမှာ ဖြစ်ပါတယ်။ မီးကို မတွေ့ရှိခင် ကမ္ဘာဦးကာလမှ လူသားများဟာ သတ္တဝါများအား ဖမ်းယူ သတ်ဖြတ်ပြီး အစိမ်းစား သောက်ခဲ့ကြသော်လည်း ယဉ်ကျေးမှု တိုးတက်ထွန်းကားလာချိန်တွင် သားငါးများကို ချက်ပြုတ်စားသောက်ခဲ့ကြတာဟာ ယနေ့အချိန်ထိ ဖြစ်ပါတယ်။ သို့သော် ကမ္ဘာဦး လူသားများကဲ့သို့ အရှင်လတ်လတ် စားသုံးသူများလည်း အံ့သြဖွယ် ရှိနေသေးတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။