ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ရှေးအီဂျစ်ခေတ်တုန်းက တည်ဆောက်ခဲ့တဲ့ သမိုင်းဝင် အဆောက်အအုံ၊ နေရာများထဲမှာ တစ်ခုအပါအဝင်ဖြစ်သော "Abu Simbel" အဘူစင်ဘယ်လ် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ အကျောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အနုပညာရှင်တွေရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုတွေ၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ကမ္ဘာ့ ဗဟုသုတ သတင်းစုံလင်ကို အချိန်နဲ့ တပြေးညီ တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့တော့ သတိမမေ့ပါနဲ့ဦးနော်။

photo credit pngtree

အီဂျစ်နိုင်ငံ တောင်ပိုင်း၊ နက်ဆာ ရေကန်ရဲ့ အနောက်ဘက်ကမ်းမှ ကြီးမားသော ကျောက်ထွင်း ဘုရားကျောင်း နှစ်ခု တည်ရှိရာ နေရာကြီးဟာ အဘူစင်ဘယ်လ် ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေဖြစ်ပါတယ်။ အဆိုပါ ကျောက်ထွင်း ကျောင်းတော် ကြီးနှစ်ခုအား ဖာရို ရမ်မီးစီးစ် လက်ထက်တွင် ကျောက်သား တောင်နံရံကို ထွင်းထုခဲ့တာ ဖြစ်ပါတယ်။ အဲ့နေရာကြီးကို ကမ္ဘာလှည့်ခရီးသည်တွေ အများအပြား လာရောက်လည်ပတ် ကြည့်ရှုကြတာ ဖြစ်ပါတယ်။

photo credit pngtree

ဘီစီ ၁၃ ရာစုမှာ တန်ခိုး အာဏာ ကြီးမားခဲ့တဲ့ ဖာရို ရမ်မီးစီးစ်ဟာ သူနှင့် မိဘုရား နေဖာ တာရီ တို့ရဲ့ ရုပ်ထုများကို ထုလုပ် ခဲ့တာ ဖြစ်ပါတယ်။ ၁၉၆၀ ပြည့်နှစ်များတွင် နိုင်းမြစ်ပေါ်မှာ အက်ဆွမ် ရေလှောင်တမံ ဆောက်လုပ်ရာမှ နက်ဆာ ရေကန်တွင် ဖြစ်ပေါ်လာနိုင်တဲ့ ရေလွှမ်းမိုးမှုကို ရှောင်လွှားနိုင်ရန် နေရာရွှေ့ပြောင်းပြီး ပြန်လည်တပ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ နောင်လည်း ထူးဆန်းဖွယ် အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာမလို့ ဆက်လက်စောင့်မျှော်အားပေး ကြပါဦးနော်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။