ကမ္ဘာတစ်လွှားမှာ တည်ရှိနေတဲ့ တံတားကြီးများဟာ နိုင်ငံတစ်ခုရဲ့ အခြေခံ အဆောက်အအုံများအဖြစ် အရေးကြီးသော အခန်းကဏ္ဍမှ နေရာယူလာခဲ့တာ ဖြစ်ပါတယ်။ အဲ့ထဲကမှ အချို့သော တံတားကြီးများဟာ အင်ဂျင်နီယာပိုင်းဆိုင်ရာ ထူးခြားချက်များကြောင့် ထိုတံတားကြီးများတည်ရှိရာ မြို့တော်များရဲ့ သင်္ကေတတွေ ဖြစ်လာခဲ့ကြပါတယ်။ အခုတစ်ခါမှာဆိုရင်တော့ "Great Belt Bridge" (မဟာ ခါးပတ်တံတား) ကြီးအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

photo credit pngtree

ဒိန်းမတ်နိုင်ငံမှာရှိတဲ့ မဟာခါးပတ် တံတားကြီးဟာ စပရိုဂို "Sprogo" ကျွန်းငယ်က နှစ်ပိုင်းခွဲခြားထားတဲ့ နေရာနှစ်ခုကို အရှေ့ ပိုင်းတံတား နှင့် အနောက် ပိုင်းတံတား နှစ်စီးဖြင့် ဆက်သွယ်ထားတာ ဖြစ်ပါတယ်။ အရှေ့တံတားဟာ ၁၆၂၄ မီတာ(၅၃၂၈ ပေ) ရှိပြီး ကမ္ဘာပေါ်တွင် တတိယ အရှည်ဆုံးသော တံတား ခန်းပွင့် ဖြစ်ပါတယ်။ ဒါ့အပြင် စပရိုဂို နှင့် ဇီးလန် ကျွန်းနှစ်ကျွန်း အကြား အနက်ရှိုင်းသော အပိုင်းဖြစ်တဲ့ စတိုးဘဲ့သ်ကို ဖြတ်ပြီး သွယ်တန်းထားတာ ဖြစ်ပါတယ်။

photo credit pngtree

ထိုတံတားကြီးဟာ ပင်လယ်ရေမျက်နှာပြင် အထက် ၂၅၄မီတာ(၈၃၃ ပေ) အမြင့်တွင်တည်ရှိပါတယ်။ အရှေ့တံတားရဲ့ ပင်မ တံတား တိုင်ကြီး နှစ်ခုဟာ ဒိန်းမတ်နိုင်ငံတွင် အမြင့်ဆုံး နေရာဖြစ်ပါတယ်။ အနောက်တံတားဟာ ၈၈၁၁ မီတာ(၂၁၆၈၉ ပေ) ရှည်လျားလျက် မီးရထား လမ်းနှင့် ကားလမ်း နှစ်ခုလုံး ထည့်သွင်းတည်ဆောက်ထားတာ ဖြစ်ပါတယ်။ နောင်လည်း ထူးခြားဆန်းပြားဖွယ် အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာမလို့ ဆက်လက် စောင့်မျှော်အားပေးကြပါဦးနော်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။