ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်ရှိ တန်ဖိုးကြီး အမှတ်တရပစ္စည်းထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Le Chocolat box" အကြောင်းကို စိတ်ဝင်စားဖွယ် မှတ်သားသိရှိအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ စိန်၊ ငွေ၊ ပတ္တမြား အစရှိသော လက်ဝတ်ရတနာ ပစ္စည်းများ တန်ဖိုးကြီးမားခြင်းက လူသားတို့အတွက် ထူးဆန်းတဲ့ ကိစ္စမဟုတ်သော်လည်း သာမာန် အလှအပ၊ အမှတ်တရ ဖြစ်သာ သိမ်းဆည်းထားနိုင်သော အချို့ပစ္စည်းများက ထိုလက်ဝတ်တန်ဆာများနည်းတူ တန်ဖိုးကြီးမားနေခြင်းက အံ့သြဖွယ် ကောင်းလှပါတယ်။

photo credit pngtree

ကမ္ဘာပေါ်ရှိ ထိုတန်ဖိုးကြီး အမှတ်တရ ပစ္စည်းများထဲတွင် "Le Chocolat box" ချောကလက်ဗူး ဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ထိုချောကလက်ဗူးက သာမာန် ချောကလက်ဗူးတွေလို ထုပ်ပိုးထားတာ မဟုတ်ဘဲ တန်ဖိုးကြီးရတနာများနဲ့ အထူးစီမံ ပြုလုပ် ဖန်တီးထားတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒေါ်လာ တစ်သန်းခွဲ တန်ဖိုးသတ်မှတ်ထားတဲ့ ထိုချောကလက်ဗူးက ကမ္ဘာ့နိုင်ငံ အသီးသီးမှာရှိတဲ့ အကောင်းဆုံး မုန့်တိုက်များမှ ထုတ်လုပ်သော လက်ရွေးစဉ် ချောကလက်များကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။

photo credit pngtree

ဒါ့အပြင် အဲ့ထက် အံ့သြစရာ ကောင်းတဲ့အချက်ကတော့ ထိုမုန့်ဗူးကို ဆိုင်မွန် ရတနာ ကုမ္ပဏီမှ ထုတ်လုပ်သော သဘာဝ အဝါရောင်နှင့် အပြာရောင် နီလာ၊ မြကျောက်များဖြင့် စီခြယ်ထားသော တန်ဖိုးကြီး ကျောက်မျက်ရတနာ ဗူးတစ်ခုမလို့လည်း ဖြစ်ပါတယ်။ တန်ဖိုးမဖြတ်နိုင်သော လက်ဆောင်တစ်ခု အဖြစ် ဒေါ်လာတစ်သန်းခွဲ ဈေးခေါ်ထားတာဟာ အပြစ်သွားပြောလို့တော့ မရပါဘူးနော်။ နောင်လည်း ထူးဆန်းဖွယ် အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာမလို့ ဆက်လက်စောင့်မျှော်အားပေးကြပါဦးနော်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။