ပရိသတ်ကြီးရေ....ဒီတစ်ခါမှာတော့ ကမ္ဘာ့သည်းထိပ်ရင်ဖို တောင်ကြားလမ်းတစ်ခုဖြစ်တဲ့ "Stelvio Pass" အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် သိရှိမှတ်သားရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှုသတင်း၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို အချိန်နဲ့ တပြေးညီတင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

အခုဖော်ပြပေးသွားမယ့် "Stelvio Pass" တောင်ပတ်လမ်းကတော့ အီတလီနိုင်ငံ "Alps" တောင်မှာ ဖောက်လုပ်ထားတဲ့ အသည်းယားစရာ လမ်းကြီးဖြစ်ပါတယ်။ အဲ့လမ်းကြီးတွေဟာ မြင်လိုက်တာနဲ့တင် အသက်ရှူမှားရလောက်အောင် အကွေ့အကောက်များပြီး မတ်စောက်လှတာ ဖြစ်ပါတယ်။ သတိတစ်ချက်လွတ်လိုက်တာနဲ့ အသက်အန္တရာယ်ပါ စိုးရိမ်ရတဲ့ ကမ္ဘာကျော် တောင်ကြားလမ်းကြီးတွေ ဖြစ်ပါတယ်။ ထိုအရာကပဲ ကမ္ဘာလှည့် ခရီးသွားအများအပြားကို ဆွဲဆောင်လျက်ရှိတာ ဖြစ်ပါတယ်။

photo credit pngtree

အီတလီနိုင်ငံ "Alps" အဲပါတ်စ် တောင်အရှေ့ဘက်ခြမ်းမှာ ရှိတဲ့ Stelvio တောင်ကြားလမ်းဟာ ၉၀၈၈ ပေအမြင့်ရှိပြီး လမ်းပုံစံက ကလေး ငယ်ရေးဆွဲထားသလို မြွေလိမ်မြွေကောက်ပုံစံ အကွေ့အကောက်တွေ များပြားလှပါတယ်။ ကတ္တရာနှင့် ကွန်ကရစ် အနည်းငယ် ရောစပ် ပြုလုပ်ထားတဲ့ လမ်းပေါ်မှာ ကားမောင်းရင်း အိပ်ပျော် သွားပါက အသက်ဆုံးရှုံးရလောက်အောင် အန္တရာယ်များ အသည်းယားစရာ ကောင်းလှပါတယ်။ အဲ့လမ်းမကြီးတွေမှာ ကားမောင်းမယ်ဆိုရင်တော့ အောက်ကို ငုံ့မကြည့်မိဖို့ အရေးကြီးပါတယ်။ တစ်ခါတစ်ရံ လမ်းချိုး အကွေ့တွေဟာ ၆၀ ဒီဂရီ မှ ၁၈၀ ဒီဂရီ အထိ တိမ်းစောင်းရမှာ ဖြစ်ပါတယ်။

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။