ကျွန်ုပ်တို့ဘဝတွေကို ပိုမိုလွယ်ကူပြီး သက်သောင့်သက်သာဖြစ်စေမယ့် ရိုးရှင်းတဲ့တီထွင်မှုတွေအကြောင်း တင်ဆက်ပေးပါရစေ....။ လူကြီးမင်းတို့ရဲ့ ဘဝတွေကို အချိန်ကုန်၊ လူသက်သာစေပြီး အဆင်ပြေ ချောမွေ့စေတဲ့ နေထိုင်ပြုလုပ်နည်းတွေပဲ ဖြစ်ပါတယ်။ ရိုးရှင်းတဲ့ နည်းလမ်းတွေကို ဖန်တီးမှု ပုံရိပ်လေးတွေနဲ့တကွ ဖော်ပြပေးထားတာကြောင့် ပရိသတ်ကြီး ကြည့်ရှုရတာ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်နော်။

photo credit pngtree
photo credit pngtree

ပထမဦးဆုံးအနေနဲ့ အိပ်ရာထ နောက်ကြပြီး ရုံးသွား၊ ရုံးလာ အဆင်မပြေတဲ့ သူတွေအတွက် လွယ်ကူရိုးရှင်းသော တီထွင်ကြံဆမှုလေး ပဲဖြစ်ပါတယ်။ အိပ်ရာထပြီးပြီးချင်း ကော်ဖီပါ တစ်ခါတည်းဖျော်ပြီးသား ဖြစ်နေရင် ဘယ်လောက်တောင် အဆင်ပြေမလိုက်လည်းနော်။ ပုံမှာမြင်ရတဲ့အတိုင်း နှိုးစက်နဲ့အတူပြုလုပ်ထားတဲ့ Coffee maker လေးပဲဖြစ်ပါတယ်။ ဒါ့အပြင် မိုးရာသီမှာ ထီလေးကိုင်ရင်း ကော်ဖီ ပူပူလေးကို သောက်ရဖို့အတွက် ထီးမှာ ကော်ဖီချိတ်လို့ရတဲ့ တီထွင်မှုလေးကိုလည်း အံ့သားသင့်ဖွယ်မြင်တွေ့ရမှာပါ။ ထိုအရာတွေက ပရိသတ်ကြီးတို့အတွက် တစ်ကယ်အဆင်ပြေစေမှာဖြစ်ပါတယ်။

photo credit pngtree
photo credit pngtree

ဒါ့အပြင် မျက်မှန်သမားတွေ အဆင်ပြေစွာ အိပ်ဖို့အတွက် ဆန်းသစ်တဲ့ ခေါင်းအုံးပြုလုပ်ပုံလေးကိုလည်း မြင်တွေ့ကြရမှာပါ။ ကြက်သွန်နီလှီးတာပဲဖြစ်ဖြစ်၊ သခွားသီးလှီးတဲ့ အခါမှာ ပရိသတ်ကြီးတို့ရဲ့ နူးညံ့တဲ့ လက်ကလေးကို မထိမရှဘဲ စိတ်ချလွယ်ကူစွာ လှီးဖြတ်နိုင်ရန် လက်သည်း အထိပ်လေးတွေမှာ သံအကာအကွယ်လေးကို တပ်ထားချင်းဖြင့်လည်း အိမ်ရှင်မတွေ အတွက် အသုံးဝင်တဲ့ တီထွင်မှုလေးပဲဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းက သာယာပြီးပြည့်စုံတဲ့ ဘဝနေထိုင်မှုလည်းဖြစ်အောင် ငွေကုန်ကြေးကျစွာ တီထွင်အသုံးပြုနိုင်မယ့် ပစ္စည်းအမျိုးပေါင်း (၁၅)ခု ကျော်လောက်ကို အကျဉ်းချုပ်၍ ပုံရိပ်လေးတွေနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်...။ ထိုအထဲမှာ ပီဇာကို ညီမျှအောင် ပိုင်းဖြတ်တဲ့ ပစ္စည်း၊ အထုပ်အပိုးစတာတွေကို လက်မနာဘဲ လွယ်ကူစွာသယ်ဆောင်နိုင်မယ့် ပစ္စည်း၊ ကလေးငယ်တွေကို ခေါင်းလောင်းချိုးပေးရမှာ ရေမမွန်းအောင်၊ နားထဲရေမဝင်အောင် တပ်ပေးတဲ့ ပစ္စည်းလေးအပြင်၊ မီးပျက်နေတဲ့အခါမှာ စာကြည့်စာဖတ်လို့ရအောင် လည်ပင်းမှာ စတိုင်လ်ကျကျ တင်ထားလို့ရတဲ့ private light ပစ္စည်းလေးတို့ကိုလည်း တီတွင်အသုံးပြုနိုင်ပါသေးကြောင်း တင်ဆက်ပေးလိုက်ပါတယ်...။

photo credit pngtree
photo credit pngtree
photo credit pngtree
photo credit pngtree
photo credit pngtree
photo credit pngtree

သတင်းအရင်းမြစ် Mg Thit Sar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။