အစားတစ်လိုင်းပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ ထူးထူးခြားခြားလေး ဖြစ်သွားအောင် MLTVရဲ့ "Cooking for You" အစီအစဉ်ကနေ ကြက်တောင်ပံပျားရည်ထောင်း ဟင်းပွဲ ပြုလုပ်ပုံ နည်းလမ်းလေးကို ဗီဒီယိုဖိုင်လေးနဲ့တကွ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ပင်တိုင်စားဖိုမှူးလေးဖြစ်တဲ့ "Master Chef Myanmar Season 1 top 3" ပြိုင်ပွဲဝင် မနီလာအောင်ဝင်းရဲ့ ဟင်းပွဲတင်ဆက်မှုလေးကို ကြည့်ရှုခံစားလိုက်ကြပါဦးနော်။

Photo by MLTV

ပထမဦးဆုံး ချက်မယ့် ကြက်တောင်ပံ အစိမ်းပန်းကန်ထဲကို ဆား၊ ပျားရည်၊ အရောင်တင်မှုန့်၊ ငရုပ်ကောင်းမှုန့်၊ ဆန်လှော်မှုန့်တို့ကို အနည်းငယ်စီထည့်ပြီး ထောင်းထားသော ဂျင်းကို အရည်ညှစ်ထည့်ကာ သမအောင် နယ်ရမှာ ဖြစ်ပါတယ်။ ပြီးရင် ထိုနှံ့အောင်နယ်ထားတဲ့ ကြက်တောင်ပံများကို ကော်မှုန့်နဲ့ကပ်ကြော်ပေးရမှာ ဖြစ်ပါတယ်။

Photo by MLTV

နောက်တစ်ဆင့်အနေနဲ့ ငရုပ်ကျည်ပွေ့ထဲကို ငရုပ်သီးထည့်ထောင်းပါ။ ပြီးတဲ့အခါမှာ ပဲငံပြာရည်၊ ငရုပ်အချဉ်ရည်၊ ပျားရည်၊ ကြက်စွပ်ပြုတ်ရည်၊ သံပုရာသီးအရည်၊ ပန်းသီးအစိမ်းရောင်၊ ကြက်တောင်ပံကြော်များ ထည့်ထောင်းရမှာဖြစ်ပါတယ်။ ဟင်းရနံ့လေးမွှေးနေအောင် ပူစီနံ၊ ငရုပ်သီးအကြမ်းမှုန့်၊ ဆန်လှော်မှုန့်တို့ကို ထည့်ထောင်းရမှာပါ။ အနံ့အရသာနဲ့ပြည့်စုံတဲ့ ကြက်တောင်ပံ ပျားရည်ထောင်း ဟင်းပွဲပြုလုပ်နည်း ဗီဒီယိုဖိုင်လေးကိုလည်း မျှဝေပေးလိုက်ပါတယ်နော်။

Photo by MLTV

Photo by MLTV
Photo by MLTV
Photo by MLTV
Photo by MLTV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။