ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်ရှိ အသေးဆုံးနိုင်ငံတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Nauru" (နော်ရူးကျွန်းနိုင်ငံ) အကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ နော်ရူး ကျွန်းနိုင်ငံငယ်လေးတွင် လူမျိုးစု ၁၂ စု နေထိုင်လျက်ရှိပါတယ်။ ထို့ကြောင့် နော်ရူး နိုင်ငံတော်အလံတွင် ထိုလူမျိုးစု ၁၂ စုကို ရည်ညွှန်းသော ၁၂ ထောင့်ကြယ်ကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။

photo credit pngtree

ကမ္ဘာကြီးရဲ့ ယဉ်ကျေးမှု၊ တိုးတက် ထွန်းကားနေမှုကို မသိရှိသော လူမျိုးစု ၁၀ စုဟာ နော်ရူးနိုင်ငံတွင် ယနေ့ထိတိုင် နေထိုင်လျက်ရှိနေကြပါတယ်။ နော်ရူးကျွန်းနိုင်ငံဟာ ၂၁ စတုရန်းမိုင်ကျယ်ဝန်းကာ ခရိုင် ၁၄ ခု ဖွဲ့စည်းထားပါတယ်။ လူဦးရေ စုစုပေါင်း ၁၀၁၇၅ ယောက် ရှိပါတယ်။၂၀၀၁ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော လူနေမှု အဆင့် မြင့်မားမှုအရ နော်ရူးနိုင်ငံငယ်လေးဟာ တစ်ချိန်က အေးချမ်းသာယာမှုအပေါင်း နှင့် ပြည့်စုံသော နေရာတစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့ပါတယ်။

photo credit pngtree

နော်ရူးရဲ့ အဓိက စီးပွားရေးလုပ်ငန်းဟာ မီးစုန်း(Phosphate) တူးဖော် ထုတ်လုပ်မှု လုပ်ငန်းဖြစ်ပါတယ်။ သို့သော် မီးစုန်းသိုက်များ ကုန်ခမ်းသွားတဲ့ ၂၀၀၁ ခုနှစ်မှာတော့ နော်ရူးနိုင်ငံရဲ့ စီးပွားရေး အခြေအနေနှင့် လူနေမှု အဆင့်အတန်းဟာ အလွန် ပြောင်းလဲသွားခဲ့ပါတယ်။ ထိုအချိန်မှစ၍ နိုင်ငံရဲ့ ဘဏ္ဍာရေးအခြေအနေက ချွတ်ခြုံကျလုနီးပါးဖြစ်ခဲ့ကာ သြစတြေးလျနိုင်ငံရဲ့ ထောက်ပံ့မှုများပေါ်တွင် မှီခိုနေခဲ့ရတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree 

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။