ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ "Soviet Submarines on the Kola Peninsula" (ဆိုဗီယက် ရေငုပ်သင်္ဘောသင်္ချိုင်း) အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလောအနုပညာလှုပ်ရှားမှု သတင်း၊ ပြည်တွင်းပြည်ပ အားကစားသတင်း(E-sports အပါအဝင်)၊ ဗဟုသုတသတင်းစုံလင်ကို အချိန်နဲ့တပြေးညီ တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

ရုရှားနိုင်ငံ မြောက်ဖျား၊အာတိတ်စက်ဝိုင်းအတွင်းရှိ နေဇာမီနာညာ ပင်လယ်ကွေ့တွင် ဆိုဗီယက်တို့ရဲ့ ရေငုပ်သင်္ဘောသင်္ချိုင်းတစ်ခုရှိပါတယ်။ ၁၉၇၀ ပြည့်နှစ်များမှစပြီး နျူကလီးယားလောင်စာသုံး ရေငုပ်သင်္ဘောများအပါအဝင် စစ်သင်္ဘောများအား ရုရှားနိုင်ငံရဲ့ သီးခြားနယ်မြေတစ်ခုဖြစ်တဲ့ ကိုလာကျွန်းဆွယ်တွင် စွန့်ပစ်ခဲ့ကြတာ ဖြစ်ပါတယ်။ ရုရှား သင်္ဘောကျင်းများဟာ ရေငုပ်သင်္ဘောအသစ်များ တည်ဆောက်နိုင်ရန်အတွက် မအားမလပ်ဖြစ်နေလေ့ရှိတာကြောင့် ရေငုပ် သင်္ဘောအဟောင်းများအား ပြန်လည်မွမ်းမံပြင်ဆင်ရန် အလေးမထားနိုင်ခဲ့ကြပါဘူး။

photo credit pngtree

ရုရှားတို့ရဲ့ ရေငုပ်သင်္ဘော သင်္ချိုင်းနေရာသို့ ခွင့်ပြုချက်မရရှိဘဲ သွားရောက်ခွင့်ကို တားမြစ်ထားတာ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်များတွင် ရေထုညစ်ညမ်းမှု စိုးရိမ်ပူပန်မှုများ ထွက်ပေါ်လာတဲ့အခါမှာ ရုရှားတို့က ရေငုပ်သင်္ဘော အချို့ အားဖျက်ဆီးမှုများလည်း ပြုလုပ်ခဲ့ပါတယ်။ ကောင်းကင်မှ ရိုက်ကူး ပြသထားတဲ့ အင်တာနက် Google Earth တွင် အနည်းဆုံး ရေငုပ် သင်္ဘော ခုနစ်စီးကို မြင်တွေ့နိုင်ကြမှာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။