ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာ့အင်အားအပြင်ဆုံး လှုပ်ခတ်ခဲ့သော ငလျင်များထဲတွင် တစ်ခုအပါအဝင်ဖြစ်တဲ့ "Ecuador earthquake" အီကွေဒေါ ငလျင်အကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှု သတင်း၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို အချိန်နဲ့တပြေးညီ တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားပေးဖို့ သတိမမေ့ပါနဲ့ဦးနော်။
ထို အီကွေဒေါငလျင်ကြီးဟာ ၁၉၀၆ ခုနှစ်၊ ဇန်နဝါရီလ၊ ၁၃ ရက်နေ့တွင် လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ထိုငလျင်ကြီးရဲ့ ပြင်းအားကို တိုင်းတာကြည့်တဲ့အခါမှာတော့ ပြင်းအား ၈ ဒသမ ၈ နှုန်း ရှိတာ ဖြစ်ပါတယ်။ လူပေါင်း ငါးရာနှင့် ထောင့်ငါးရာကြား သေဆုံးခဲ့တဲ့ အီကွေဒေါငလျင်ကြီးဟာ အီကွေဒေါနိုင်ငံနှင့် ကိုလံဘီယာနိုင်ငံ ကမ်းလွန်ပင်လယ်မှ စတင်ခဲ့ကြောင်း ပညာရှင်တွေက ခန့်မှန်းခဲ့ကြတာ ဖြစ်ပါတယ်။ ငလျင် လှုပ်ခတ်မှုကြောင့် ဆူနာမီ ရေလှိုင်းများတက်လာခဲ့ပုံအကြောင်းကိုလည်း ဆက်လက်ဖော်ပြပေးသွားပါ့မယ်။
ထိုငလျင်ကြီး လှုပ်ခတ်မှုကြောင့် ဆူနာမီ ရေလှိုင်းများဟာ အမေရိကရဲ့ ဗဟိုကျသော ကမ်းရိုးတန်း တစ်လျောက် ဆန်ဖရန်စ္စကိုအထိ တက်လာခဲ့တာ ဖြစ်ပါတယ်။ ဟာဝိုင်ရီကျွန်း အနောက်ပိုင်းတွင် မြစ်များဟာ ငလျင်လှုပ်ပြီး ၁၂ နာရီ အတွင်း ရုတ်တရက် ရေများလျှံတက် လာခဲ့ပါတယ်။ ထို့နောက်ကမ်းခြေဒေသများဟာ ကြီးမားသောရေလှိုင်းများလွှမ်းခဲ့ကာ ရေနစ်မြုပ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ နောင်လည်း ထူးဆန်းဖွယ်အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာမလို့ ဆက်လက်စောင့်မျှော်အားပေးကြပါဦးနော်။
source မောင် သာ ရှေးဟောင်းသုတေသန
photo credit pngtree
သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။