ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်ဝှမ်းရှိ ထူးဆန်းအံ့သြဖွယ် အနုပညာလက်ရာမြောက်သော ဖန်အိမ်များထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "The Botanical Garden of Curitiba" ကျုရီတီဘာ ရုက္ခဗေဒ ဥယျာဉ် အကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ယနေ့ကမ္ဘာမှာ ခေတ်ပေါ် ဗိသုကာနှင့် ဆောက်လုပ်မှုဆိုင်ရာ နည်းပညာများဟာ များစွာဖွံ့ဖြိုးတိုးတက်လျက်ရှိနေသဖြင့် ခေတ်မီ နည်းစနစ်များက သမားရိုးကျ ဆောက်လုပ်ရေး နည်းစနစ်များအပေါ် လွှမ်းမိုးနေရာယူလာခဲ့ကြတာ ဖြစ်ပါတယ်။

photo credit pngtree

ဒါကြောင့်မလို့ ဖွံ့ဖြိုး တိုးတက်သောနိုင်ငံများတွင် ဖန်နှင့်မှန်များဟာ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် အဓိကနေရာယူလာသော ပစ္စည်းများ ဖြစ်လာခဲ့ပါတယ်။ သိပ်မကြာသေးခင် အချိန်ကာလတုန်းက မှန်ဖြင့် ဆောက်လုပ်သော အဆောက်အအုံများဟာ အသက်ရှူရပ်လုမတတ် လှပဆန်းကြယ်သော တီထွင်ဆန်းသစ်မှုများ ဖြစ်လာခဲ့ပါတယ်။ အခုဖော်ပြပေးသွားမယ့် ရုက္ခဗေဒ ဥယျာဉ်ကြီးဟာလည်း များစွာ ကြီးကျယ်ခမ်းနားလှပတာ ဖြစ်ပါတယ်။

photo credit pngtree

၁၉ ရာစုအလယ်ပိုင်းက ထင်ရှားကျော်ကြားတဲ့ ကျူရီတီဘာ မြို့လယ်ရှိ ရုက္ခဗေဒ ဥယျာဉ်ကြီးဟာ လန်ဒန် နန်းတော်ပုံစံကို စိတ်ကူးဒီဇိုင်းယူပြီး ၁၉၉၁ ခုနှစ်တွင် တည်ဆောက် ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ထိုဥယျာဉ်ကြီးဟာ ကျူရီတီဘာမြို့တွင် ကမ္ဘာလှည့်ခရီးသည် အများဆုံး လာရောက်လည်ပတ်သော နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ ဥယျာဉ်ရဲ့ တစ်စိတ်တစ်ပိုင်းကို ဖန်လုံအိမ်ပြုလုပ်ကာ အပင်မျိုးစိတ်အများအပြားကို စိုက်ပျိုးထားတာ ဖြစ်ပါတယ်။ ဧရိယာ ၄၅၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းသော ကျူရီတီဘာ ရုက္ခဗေဒ ဥယျာဉ်ရဲ့ ဖန်လုံအိမ်ကို သတ္ထု နှင့်ဖန်များဖြင့် တည်ဆောက်ထားကာ ဥယျာဉ်ကို ရေတံခွန်များ၊ ရေပန်းများဖြင့် ဝန်းရံတည်ဆောက်ထားတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။